နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၂၇)
" ကိုဘောဂ ရှင် ဘာတွေလုပ်နေတာလဲ။သမီးရဲ့
အိမ်ထောင်ရေးက ရှင့် စိတ်ထဲ ရှိသလို လုပ်ချင်သလို လုပ်လို့မရဘူး။အဖေတစ်ယောက်ဖြစ်ပြီး
ဘာလို့ ကိုယ့်သမီးရဲ့ အိမ်ထောင်ရေးကို ကမောက်ကမဖြစ်အောင် လုပ်နေရတာလဲ "" မင်း ဘာမသိရင် မသိသလိုနေ အလင်္ကာမေဦး။ငါ လုပ်နေတာတွေက ငါ့သမီးလေးနဲ့ မင်းအတွက်ချည်းပဲကွ "
" အဟင်း ကျွန်မနဲ့ သမီးအတွက်တဲ့လား။သမီးကို
ငယ်ငယ်လေးနဲ့ နိုင်ငံခြားကို ပို့ပစ်တယ်။သမီးက
ပြန်လာမကြာသေးဘူး။UKကို ပြန်ပို့ဖို့လုပ်တယ်။
အဲ့ကနေ အိမ်ရှေ့စံမင်းသားနဲ့ ထိမ်းမြားပေးဖို့ လုက်တယ်။အခုကျပြန်တော့ မင်းသားနဲ့ သမီးကို အကြောင်းပြချက်တောင် မပေးနိုင်ဘဲနဲ့... သဘောမတူလို့ ပြောပြန်တယ်။ကျွန်မ အထင်တော့ ရှင့် စိတ်က ပုံမှန်မဟုတ်ဘဲ ဖောက်ပြန်နေတာပဲ ဖြစ်လိမ့်မယ်။အဲ့ဒါကြောင့် အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတာ "" အလင်္ကာမေဦး ငါ့စိတ်က ပုံမှန်ပဲ။ငါ မင်းသားနဲ့ သမီးကို သဘောမတူရတဲ့ အကြောင်းက သခင်လေးစျာန်တစ်ယောက်လုံး ရောက်လာခဲ့တာက အဖြေဆိုတာ မင်း မသိဘူးလား "
" သမီးရဲ့စိတ်က သခင်လေးစျာန် မဟုတ်ဘဲ၊အိမ်ရှေ့စံမင်းသားဆိုတာ ရှင့် မျက်လုံးတွေက မမြင်တာလား။ဒါမှမဟုတ် ရှင့် စီးပွားရေးအတွက် အကျိုးအမြတ်ရနိုင်မယ့် လူနဲ့ သမီးကို အလဲအလှယ် လုပ်ဖို့ လုပ်နေတာလား။အဲ့လိုဆိုရင်တော့ ကျွန်မ ရှင့်ကို တစ်ခါတည်း ပြောထားလိုက်မယ်။သမီးကို သူချစ်ခင်နှစ်သက်တဲ့ အိမ်ရှေ့စံမင်းသားနဲ့ မဟုတ်ဘဲ၊သခင်လေးစျာန်နဲ့ ထိမ်းမြားပေးဖို့ လုပ်မယ်ဆိုရင်တော့... အဲ့ဒီမင်္ဂလာပွဲ လုံးဝ
ရှိမလာစေရဘူး။သမီးကို ကျွန်မရဲ့အဝေးကို ပို့ပစ်တုန်းက ရှင့်အရိပ်ကနေ ကျွန်မ ထွက်သွားခဲ့တယ်။
ဒီတစ်ခါဆိုရင်တော့... သမီးကိုခေါ်ပြီး ရှင် ရှာမတွေ့နိုင်တဲ့ အဝေးဆုံးကို ထွက်သွားမယ်ဆိုတာ
သိထားပါ ကိုဘောဂ "