နတ်ရေးတဲ့ ရွှေဖူးစာ၆၃
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၆၃)
." ဒိုင်း! "
" အာ့! "
" ဒုတ်! အင့် "
" သား...! "
" ဦးယက္ခ...! "
" မင်းသား... ပစ်လိုက်ပါ ကျွန်တော့်ကိုပဲ ပစ်လိုက်ပါတော့... "
အိမ်ရှေ့စံမင်းသား၏ နာကျင်မှုရောယှက်နေတဲ့ လည်ကြောင်းကွဲထွက်မတက် အော်လိုက်တဲ့ စကားသံ၏နောက်မှာ... သခင်လေးမဟော်စျာန်၏ ဆို့နင့်ကြေကွဲနေသော စကားသံတို့က ကျယ်လောင်စွာနဲ့ ကပ်ပါလာခဲ့သည်။
လျှပ်တပြတ် လှုပ်ရှားမှုပြုလိုက်တဲ့ အိမ်ရှေ့စံ၏ သေနက်ထဲက ကျည်သည် စျာန့်ဆီကို မဟုတ်ဘဲ တခြားသူဆီကို ဦးတည်သွားတာပဲဖြစ်သည်။
ထိုကျည်က တခြားသူဆီကို မဟုတ်ဘဲ ချစ်ရသူကိုဓားနဲ့ထောက်ထားတဲ့ ဖခင်ဖြစ်သူဆီကိုပင်။သေလောက်တဲ့ နေရာကိုချိန်ရွယ်ပစ်လိုက်တာ မဟုတ်ပေမဲ့... မျက်နှာဘေးကို ကျည်ဖြတ်သွားတဲ့ အနေအထားမျိုးနဲ့ ချိန်ရွယ်ပြီး ပစ်လိုက်တာပဲ ဖြစ်သည်။
မင်းသားက ဖခင်ဖြစ်သူကို တစ်ချက်တည်းနဲ့ အသေပစ်လိုက်တာမျိုး မလုပ်တာက... စျာန့်ကြောင့်ဆိုတာကိုသိပါ၏။သို့သော် ထိုအချက်ကပဲ ချစ်ရသူကို နာကျင်စေရပါသည်။
သို့သော် ကိုယ်ချစ်ရတဲ့ မိန်းကလေး နာကျင်နေတာကို မျက်စိရှေ့မှာတင် မြင်နေရတာက စျာန့်ကို သေစေတာထက် ပိုနာကျင်ရပါ၏။
အကြောင်းကတော့ တော်ရုံလောက်နဲ့ ဘယ်အရာကိုမှ အလျော့မပေးတတ်သည့် ဖခင်က... သူ့ကို သေနက်နဲ့ ပစ်လိုက်တာတောင်မှ ကြောက်ရွံ့ခြင်းမရှိတာပင်။
ပိုလို့ဆိုးတာက ချစ်ရသူကို ချုပ်ကိုင်ထားတဲ့ လက်တွေက နည်းနည်းလေးတောင် လှုပ်ရှားခြင်းမရှိနဲ့ မြဲမြံစွာ ဆုပ်ကိုင်ထားပြီး၊ချစ်ရသူလည်ပင်းမှာ ထောက်ထားတဲ့ ဓားကို ပခုံးပေါ်ကို ထိုးစိုက်ချလိုက်တာပင်။
မျက်လုံးလေးမှိတ်ခါ နာကျင်မှု အသံတိတ်၍ ကြိတ်မှိတ်ခံနေတဲ့ ချစ်ရသူလေးကြောင့်... ဒီပနှလုံးသားမှာ ဓားချက်များစွာနဲ့ ထိုးစိုက်ခံတေရသလိုပင်။
![](https://img.wattpad.com/cover/333235278-288-k879467.jpg)