နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၂၂)
." စီနီယာ! မင်းသား! "
သာကီမောင်ရဲ့အစ်ကိုကြီးနဲ့ စီနီယာက တေးတို့ဘက်ကို စကားပြောရင်း လျှောက်လာနေသလို...
မင်းသားကလည်း သာကီမောင်ရဲ့အဖေနဲ့ စကားပြောရင်း ပါတီပွဲထဲကို ဝင်လာသည်။" စီနီယာစျာန်ရော အိမ်ရှေ့စံကိုရော ဖိတ်ထားတာလား နွယ်ကီ "
" ဟုတ်တယ်။ဒီပွဲက ငါတို့ရဲ့မွေးနေ့ပွဲအပြင်၊ကုမ္ပဏီနှစ်ပတ်လည်းပွဲလည်း ဖြစ်တယ်လေ။အဲ့ဒါကြောင့် လုပ်ငန်းမိတ်ဖက်တွေနဲ့ စီးပွားရေးနယ်ပယ်က အသိမိတ်ဆွေတွေကိုလည်း ဖိတ်ထားတယ်။စီနီယာစျာန်က ငါတို့ရဲ့မွေးနေ့ကိုလာတာထက်၊ဆေးရုံတက်နေရတဲ့ သူ့အမေအစား ဒီပွဲကို တက်တာဖြစ်မယ်။အိမ်ရှေ့စံကတော့ ဖေဖေကိုယ်တိုင် ဒီပွဲကိုတက်ပေးဖို့ နန်းတော်ကို ကိုယ် တိုင်သွားဖိတ်ထားရတာ "
တေး, နွယ်ကီပြောတာကို ခေါင်းလေး ငြိမ့်၍ နားထောင်နေလိုက်သည်။ပါတီပွဲကို အခုမှရောက်လာတဲ့ မင်းသားက နွယ်ကီအဖေနဲ့အတူ ပါတီပွဲကိုတက်ရောက်လာတဲ့ လူကြီးပိုင်းဧည့်သည်တွေနှင့် စကားပြောနေ၏။တေးကိုလည်း
မြင်တဲ့ပုံမပေါ်ပေ။တေး,မင်းသာရှိနေတဲ့ နေရာကို ကြည့်နေချိန်မှာပဲ
စီနီယာနဲ့နွယ်ကီအစ်ကိုတို့က တေးတို့အနားကို
ရောက်လာကြသည်။" ခွန်းတေး ပွဲတက်တာလား... "
" အင်း သူငယ်ချင်းတွေလေ စီနီယာ "
တေး ပြောတော့ စီနီယာ က အပြုံးတစ်ပွင့်နဲ့ ခေါင်းငြိမ့်ပြသည်။
" အစ်ကိုကြီး ဒါ ကျွန်တော်တို့ သူငယ်ချင်း ခွန်းတေးအလင်္ကာ လို့ ခေါ်တယ်။ဘောဂလုပ်ငန်းစုရဲ့
ဆက်ခံသူပဲ "" တွေ့ရတာ ဝမ်းသာပါတယ်။အစ်ကို့နာမည်က
နွေကီမောင်လို့ ခေါ်တယ် "" ဟုတ်ကဲ့ "
" အနာဂတ်မှာ အစ်ကိုတို့က အတူလက်တွဲပြီး
အလုပ်လုပ်ရမယ့် သူတွေပဲ။တစ်ခါလောက် လက်ဆွဲပြီး နူတ်ဆက်ကြတာပေါ့ "