နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၄၇)
." ဖေကြီး ကို မင်းသား က ဖမ်းထားတာတဲ့ "
" မင်းသား ဖမ်းထားတယ်ဆိုတာ သေရော သေချာရဲ့လား... "
စျာန်, မေးသာမေးရတယ်၊ မျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ ချစ်ရသူ၏ နာကျင်မျက်ဝန်းလေးတွေကြောင့်... ထပ်မမေးလည်း ဦးဘောဂ ကို မင်းသား ဖမ်းထားတာ သေချာနေပြီဆိုတာ သိလိုက်သည်။
" မင်းသားကိုယ်တိုင် ပြောတဲ့ စကားပါ။တေး ဖေကြီးကိုတွေ့ချင်တယ်။ဖေကြီး ကို ဖမ်းထားပြီး ရိုက်နှက်တာမျိုးတွေ လုပ်မှာကို စိတ်ပူတယ်။မင်းသားက ဖေကြီးကို လူသတ်သမားဖြစ်နေလို့ မုန်းတီးနေတာ။အချုပ်ထဲမှာ ဖေကြီးကို တစ်ခုခုလုပ်ပစ်ဆိုးမိတယ်။တေး ဖေကြီးအဆင်ပြေမပြေဆိုတာ မျက်စိနဲ့ သေချာမြင်ရမှ စိတ်အေးနိုင်မယ်။တေး ကို ကူညီပေးပါ။တေး ဖေကြီး ကို တွေ့ချင်တယ် စီနီယာ "
ချစ်ရသူက အငိုမျက်ဝန်းလေးတွေနှင့် စျာန့်လက်နှစ်ဖက်ကို အားကိုးတကြီး ဆုပ်ကိုင်ပြီး ပြောလာသည်။
ချစ်ရသူက မတောင်းဆိုရင်တောင် အလိုက်တသိနဲ့ လိုတာကို ဖြည့်ဆည်းပေးဖို့... အသင့်ရှိနေတဲ့ စျာန်။
ချစ်ရသူက အားကိုးတကြီးဖြင့် တောင်းဆိုလာတဲ့အခါ ငြင်းဆိုခြင်းဆိုတာအလျင်မရှိ၊ပုတ်သင်ညိုလေးပမာ နှစ်သိမ့်အပြုံးတစ်ပွင့်နဲ့ ခေါင်းကိုတွင်တွင် ငြိမ့်ကာ...
" မင်းအဖေနဲ့ မင်း တွေ့ခွင့်ရဖို့အတွက် ဘယ်လိုအကြောင်းကိစ္စတွေပဲ ရှိရှိ၊မင်းတို့သားဖတွေ့ခွင့်ရအောင် လုပ်ပေးမယ်။အဲ့ဒါကြောင့် ဒီလောက်ပဲ
ငိုတော့နော် "မျက်ရည်စတွေ စိုစွတ်နေတဲ့ မျက်ခမ်းစပ်လေးတွေဆီ လက်ချောင်းလေးတွေနဲ့ မတို့မထိရက်စွာနဲ့ လက်လှမ်း၍ ဖယ်ရှားပေးရန်ကြံတော့... ချစ်ရသူက ငြင်းပယ်သော အပြုံးတစ်ပွင့်နဲ့... စျာန့်ရဲ့လက်ကို ခေါင်းလေးနောက်တွန့်၍ ရှောင်ဖယ်သွားခဲ့သည်။
ချစ်ရသူဘက်က ရိုးရှင်းစွာနဲ့ ရှောင်ဖယ်သွားပေမဲ့လည်း၊ချစ်နေရတဲ့သူဖြစ်တဲ့ စျာန့်နှလုံးသားကတော့ ဆစ်ခနဲပဲ နာကျင်အောင့်မျက်သွားပြီး... နာကျင်လေသော မချိပြုံးလေးတစ်ပွင့်က နူတ်ခမ်းပါးဆီမှာ ညိုးငယ်စွာဖြင့် နေရာယူလာသည်။