နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၈၂)
." သံသရာဆုံတိုင် မင်းနဲ့ပဲ အဆုံးသတ်ချင်တဲ့ ကိုယ်ကို လက်ထပ်ပေးနိုင်မလား တေး... "
" အင်း "
" ...... "
" လက်ထပ်မယ်လို့ ပြောနေတယ်လေ "
" အဟင်း "
ကိုယ်က သူမ၏အဖြေကြောင့် ဝမ်းသာလုံးဆို့ပြီး စကားပြောဖို့ စကားလုံးတွေ ပျောက်ရှကုန်သည်မို့
သူမကိုစကားပြန်မပြောနိုင်ခဲ့။အဲ့ဒါကို မသိဘဲ သူမက မျက်နှာလေး စူပုတ်ပြီး ပြောတော့... သဘော ကျစွာဖြင့် ရယ်မိ၏။ ထိုသို့ ရယ်မိပြန်တော့ သူမဆီက မျက်မှောင်ကြုတ်လေးနဲ့ ကြည့်တာကို ခံလိုက်ရသေးသည်။ချစ်ဖို့ကောင်းသလောက် စိတ်ဆိုး၊စိတ်ကောက်မြန်သည့် ချစ်ရသူလေးအား စိတ်ကောက်သွားမှာ၊စိတ်အလိုမကျဖြစ်သွားတာမျိုး မလိုလားတာကြောင့်...
မြန်မြန်ပင် လက်ထပ်လက်စွပ်လေးကို ချစ်ရသူ၏
လက်မှာ ဝတ်ပေးဖို့ လုပ်လိုက်သည်။" ကိုယ့်ကို လက်ထပ်ပေးလို့ ကျေးဇူးတင်ပါတယ် "
" မင်းလက်ကလေးကို မလွတ်တမ်း ဆုပ်ကိုင်ပြီး၊ နောက်ဆုံး ထွက်သက်အထိ ချစ်သွားပါ့မယ် "
ဒီပ,သည် ချစ်စကားကိုဆိုပြီး ဘောင်းဘီအိတ်ထဲမှာ
အသင့်ထည့်ထားတဲ့ လက်ထပ်လက်စွပ်ဘူးလေးကို
ထုတ်ယူပြီး... လက်စွပ်ကို ချစ်ရသူ၏ လက်မှာဝတ်ဆင်ပေးလိုက်သည်။" အခုချိန်ကစပြီး ကိုယ့်ဘဝကို ကြင်ယာတော့်ဆီမှာ ထာဝရ အပ်နှံပါတယ် "
မင်းသား က တေး,ရဲ့လက်မှာ လက်စွပ်ကို ဝတ်ပေးရင်း ပြောတာပဲ ဖြစ်သည်။
" အချိန်နာရီတွေက ပြောင်းလဲပြီး ရွေ့လျားနေပေမဲ့
မင်းကိုချစ်တဲ့ ကိုယ့်ရဲ့အချစ်ကတော့... ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး "" မင်း ကို ချစ်တယ် "
တေး,ရဲ့လက်မှာ လက်စွပ်ကို ဝတ်ပေးပြီးချိန်မှာ နဖူးထက် အနမ်းတစ်ပွင့် ခြွေရင်း ချစ်စကားဆိုလာတဲ့ မင်းသား။