နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၂၈)
." တေးနဲ့ မင်းသားကို အကြောင်းပြချက်မရှိ ခွဲနေတဲ့ဖေကြီးကို မုန်းတယ်! တေးရဲ့ဘဝကိုအမြဲဖေကြီးစိတ်တိုင်းကျနေခိုင်းနေတာကို မုန်းတယ်! အခုကစပြီး တေးဘဝကို တေး စိတ်တိုင်းကျ နေမယ်! "
" ခွန်းတေးအလင်္ကာ! "
အိမ်ထဲကနေ လေနဲ့အတူ ပျံ့လွင်လာတဲ့ မမလေးရဲ့အော်ဟစ်ပေါက်ကွဲသံနှင့် သူဌေးကြီး၏ ဒေါသအပြည့်ဖြစ်ဖြင့် အော်ဟစ်သံတို့ကြောင့်... အိမ်ထဲကို
အပြေးဝင်ရတော့သည်။" တေး မင်းသားနဲ့ မခွဲနိုင်ဘူး။တေး မင်းသားကိုသဘောကျတယ်။မင်းသားမဟုတ်တဲ့ ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး "
" မောင်ဟန် ခွန်းတေးအလင်္ကာ ကို ငါ့ရှေ့ကနေ
ခေါ်ထုတ်သွား။အခန်းထဲထည့်ပြီး သော့ပိတ်ထား။
ဘယ်သူ့မှ သူ့ကို ငါ့အမိန့်မပါနဲ့ တံခါးမဖွင့်ပေးရဘူး။ငါ့အမိန့်ကို မနာခံတဲ့ သူတွေအကုန်လုံး ငါ့လက်က မလွတ်စေရဘူး "" ဟုတ်ကဲ့ အစ်ကိုကြီး "
" မောင်ဟန် ငါ့သမီးကို လွှတ်လိုက် "
" မောင်ဟန်! ငါ့အမိန့်အတိုင်း လုပ် "
" ဟုတ်ကဲ့ အစ်ကိုကြီး "
" မမလေး လိုက်ခဲ့ပါ "
" မလိုက်ဘူး၊ တေး ကို လွှတ်ပေး "
" တောင်းပန်ပါတယ် မမလေး "
တေး ရုန်းကန်ပေမဲ့လည်း ဦးဟန်နှင့် တခြားလူတစ်ယောက်ကပါ တေးရဲ့လက်တွေကို ချုပ်ကိုင်ပြီး၊ဆွဲခေါ်သွားကြတာမို့... အခန်းထဲမှာ တံခါးပိတ်ထားခံလိုက်ရတော့သည်။
" ကိုဘောဂ! ရှင် ကျွန်မ သမီးကို အခန်းထဲပိတ်ထားရအောင် ကြက်ကလေး၊ငှက်ကလေး ထင်နေတာလား။ကြက်ကလေး၊ငှက်ကလေးတွေတောင်မှ နာကျင်မူ့ကို သိကြတယ်။လူဖြစ်တဲ့ ကျွန်မ သမီးက
ရှင့် လုပ်ရပ်ကြောင့် ဘယ်လောက်တောင် နာကျင်နေမလဲဆိုတာ စဥ်းစားကြည့်လိုက်စမ်းပါ "" ငါ နာကျင်တာ မဟုတ်လို့... တခြားသူ နာကျင်နေတာကို ဂရုမစိုက်ဘူး "