Part 8

1.9K 74 0
                                    

                နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                               

                           အခန်း   (၈)

" မနေ့ကမှ ဆယ့်ရှစ်နှစ်ပြည့်တဲ့ ကောင်မလေးက
အိမ်ရှေ့စံရဲ့ချစ်သူဆိုတာ ဖြစ်နိုင်လို့လား။သူတို့နှစ်ယောက်ကို ကြည့်ရတာ... ချစ်သူတွေဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။အိမ်ရှေ့စံရဲ့နောက်ကို
လွှတ်ထားတဲ့ လူတွေဆီကလည်း မိန်းကလေးကိစ္စကင်းရှင်းတယ်ဆိုတဲ့ တင်ပြချက်တွေပဲ ရထားတာ။အခုကိစ္စက လုံးဝရိုးရှင်းမနေဘူး
မိဖုရားကြီး "

" အဲ့ဒါကြောင့် အစ်ကိုတော် က သေချာစုံစမ်းရပါမယ်။ဖြစ်နိုင်ရင် စုံစမ်းတာက မြန်လေ ကောင်းလေပဲ "

" သရဖီကတော့ ခွန်းတေးအင်္လကာရဲ့ နောက်ကြောင်းကို သေချာစုံးစမ်းရမယ်လို့ ထင်တယ်။အဲ့ဒါဆိုရင် အဖြေတစ်ခုခုတော့ ထွက်လာလောက်တယ် "

" အဖေ စုံစမ်းမှာပါ "

" အိမ်ရှေ့စံရဲ့ကြင်ရာတော်နေရာက သရဖိီအတွက်နော်။တခြားမိန်းကလေးလက်ထဲ လုံးဝ
မပေးနိုင်ဘူးနော် "

" ကြင်ရာတော်နေရာက တူမတော်အတွက်ပါကွယ်။အဲ့ဒါကြောင့် စိတ်မပူပါနဲ့ "

" ခွန်းတေးအင်္လကာ က နန်းတွင်းထဲတောင် ရောက်နေပြီဟာကို စိတ်မပူပဲနဲ့ ဘယ်လို ​လုပ်နေ
လို့ရမှာလဲ... "

" သရဖီ သမီး စိတ်ကို ခပ်အေးအေး ထားစမ်း။အဖေနဲ့သမီးအဒေါ်မိဖုရားကြီး သမီးအတွက် လုပ်ပေးနေတာမို့လို့... အဖေတို့ကို ယုံကြည်ပြီး
အချိန်အခါကို စောင့်နေ "

" သမီး က စိတ်ပူလို့ ပြောတာပါ။ အဖေတို့ကို ယုံကြည်ပါတယ် "

" အချိန်လည်း အတော်လင့်နေပြီမို့လို့... ကျွန်တော်တို့သားဖကို ပြန်ခွင့်ပြုပါဦး မိဖုရားကြီး "

" ကောင်းပါပြီ အစ်ကိုတော် "

" ပြန်လိုက်ပါဦးမယ် မိဖုရားကြီး "

" ကောင်းပြီ တူမတော် "

ထိုနေ့ညက သရဖီတို့သားဖသည် စိတ်လက်မကြည်မသာဖြင့်... အဒေါ်ဖြစ်သူ မိဖုရားကြီးနန်းဆောင်တော်ကနေ ပြန်လာကြရသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now