Part 66

782 21 0
                                    

                   နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၆၆)
.

" မင်းသားကိုယ်တိုင် ပြန်လိုက်ပို့ပေးတာလား... "

ဦးဟန်,မှာ မမလေးကို ပြန်လာပို့ပေးတဲ့ သူက အိမ်ရှေ့စံမင်းသားကိုယ်တိုင်ဖြစ်နေတာကြောင့် အံ့သြသွားရသည်။

" ဟုတ်တယ်။တေး အိပ်ပျော်နေတယ်။ကျွန်တော်ပဲသူ့ကို အိမ်ထဲထိပို့ပေးမယ်။ရှေ့ကနေ တေးအခန်းကို ပြပေးနိုင်မလား... "

" ဟုတ်ကဲ့ ပြပေးနိုင်ပါတယ်။ကျွန်တော့်အနောက်ကနေ လိုက်လာခဲ့ပေးပါ မင်းသား "

" အင်း "

ဒီပ, အိပ်ပျော်နေတဲ့ သူမကိုယ်လေးကို အသာအယာပွေ့ယူလိုက်သည်။ဒဏ်ရာတွေရှိနေတာကြောင့် ပွေ့သာပွေ့ရတယ် သူမနာကျင်သွားမှာကို စိုးရိမ်နေမိသည်။

သူမအိပ်ခန်းဆီ ပွေ့ချီသွားသည့်တောက်လျှောက်
အရုပ်လေးတစ်ရုပ်ပမာ ငြိမ်သက်၍ အိပ်မောကျနေလေသည်။

ခမ်းနားတဲ့ အိမ်ကြီး၏ ဒုတိယထပ်ကိုရောက်လာတဲ့
အခါမှာတော့...

" ဒီအိပ်ခန်းက မမလေးရဲ့ အိပ်ခန်းပါ မင်းသား "

" ကျွန်တော် တေးအနားမှာ ခဏလောက် နေချင်သေးလို့ ခွင့်ပြုပေးနိုင်မလား။နောက်ထပ်တွေ့ဖြစ်ဖို့ဆိုတာ မသေချာတော့လို့ပါ "

ဒီလူက အခုချိန်မှာ သူမ၏ စောင့်ရှောက်သူဖြစ်နေတာမို့... ဒီပ, သူမအနားမှာခဏနေဖို့ကို တရားဝင်
ခွင့်တောင်းလိုက်တာပါ။

" ဟုတ်ကဲ့ ကျွန်တော် အောက်ထပ်မှာ ဆင်းပြီး
စောင့်နေပါ့မယ်။မင်းသား အေးအေးဆေးဆေး နေလို့ရပါတယ် "

" အင်း "

အဲ့နောက် ဒီပ, သူမကိုပွေ့ချီလျက်နဲ့ အိပ်ခန်းထဲကို
ဝင်လာခဲ့လိုက်သည်။

သူဌေးသမီး မိန်းကလေးတစ်ယောက်၏ အိပ်ခန်းဖြစ်သော်ငြားလည်း အသုံးအဆောင် ပစ္စည်းအများအပြားက အခန်းတွင်းကို နေရာယူထားသည်မျိုးမရှိ။

အဖြူရောင် အိပ်ခန်းကျယ်ထဲမှာ ကုတင်၊မှန်တင်ခုံနှင့် စာကြည့်စားပွဲတို့သာရှိနေပြီး၊ရှင်းလင်းမှုဖြင့်
အခန်းလေးက သန့်ပြန့်နေ၏။အဝတ်လဲခန်းနှင့်
ရေချိုးခန်းတို့ကလည်း အခန်းတွင်းမှာရှိနေသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Onde histórias criam vida. Descubra agora