Part 20

1.7K 62 0
                                    

       နတ်ရေးတဲ့ ရွှေဖူးစာ

                           or  ရွှေမင်းသားရဲ့ ကြင်ရာတော်

                               

                           အခန်း   (၂၀)
.

" အဖေ မင်းသားနဲ့ ခွန်းတေးအလင်္ကာ အတူရှိနေတာကို ဘာမှမလုပ်တော့ဘူးလား။သရဖီ က သူတို့နှစ်ယောက်အတူရှိနေတာကို ဒီတိုင်းကြည့်နေရတော့မှာလား "

" စိတ်အေးအေး ထားပြီးတော့ နေစမ်းပါ။ဒီနေ့လို
နေ့ထူးနေ့မြတ်မှာ သူတို့နှစ်ယောက်ကြောင့်နဲ့ ကိုယ်ရထားတဲ့ ကုသိုလ်ကို မဆုံးရှူံးစေနဲ့ "

" အဲ့ဒါဆို သူတို့နှစ်ယောက်ကို ဘယ်တော့ဝေးအောင် လုပ်ပေးမှာလဲ။သရဖီ စောင့်ရတာကို
မကြိုက်တာ အဖေလည်း သိပါတယ် "

" မလောစမ်းနဲ့ သမီး "

" မလောစမ်းနဲ့တဲ့လား။မင်းသားနဲ့ ခွန်းတေးအလင်္ကာချစ်သူတွေလေ။သူတို့နှစ်ယောက်က
အနေနီးလေ သံယောဇဥ်တွယ်လေ ဖြစ်နေမှာ။ကြာရင် သရဖီ က သူတို့ကြားဝင်မရ ဖြစ်တော့မှာ "

" စိတ်မပူနဲ့ ငါ့သမီး။မင်းသားက အဲ့ကောင်မလေးကို ချစ်နေရင်တောင်၊လက်ထပ်နိုင်မှာ မဟုတ်ဘူး
။နောက်ဆုံးမှာ မင်းသားကိုယ်တိုင် က အဲ့ကောင်မလေးကို အနားကနေ ခွာထုတ်ပြီး၊စွန့်ပစ်လိမ့်မယ် "

" မင်းသား က ခွန်းတေးအလင်္ကာ ကို စွန်ပစ်မယ်။အဖေ ပြောနေတာ သရဖီ နားမလည်တော့ဘူး "

" နားမလည်ရင် စောင့်ကြည့်နေ။အဖေက သမီးအတွက် ရှုပ်နေတဲ့ အရာတွေ အားလုံးကို ရှင်းလင်းပေးမယ် ဟုတ်ပြီလား "

သရဖီ တစ်မနက်လုံး မင်းသားနဲ့ ခွန်းတေးအလင်္ကာ နှစ်ယောက်အတူတွဲပြီး၊ပြန်သွားတာကို
ကြည့်ပြီး မကျေမချမ်း ဖြစ်နေတာ။အခုမှ အဖေ့စကားတွေကြောင့် စိတ်ထဲမှာရော၊နေရတာပါ အဆင်ပြေသွားတော့တယ်။

မင်းသားက ခွန်းတေးအင်္လကာ ကို စွန့်ပစ်လိမ့်ဆိုတဲ့ စကားရဲ့လေးနက်တဲ့ အဖြေကို သိချင်ပေမဲ့လည်း အဖေက အရေးကြီးတဲ့ အကြောင်းအရာတွေဆိုရင် ပြောမပြတတ်ပေ။ထို့ကြောင့် သိချင်တဲ့ စိတ်ကို မြိုသိပ်ထားလိုက်ရသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now