နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၁)
." အဘွားတော် "
" မြေးတော် အဘွားတော်ဆီလာတာလား "
" ဟုတ်ပါတယ် အဘွားတော် "
" ဟင်... တေးလေးပါလာတယ်။အဘွားတော်ဆိီလာတာလား။လာပါအုံးကွယ်... အဘွားတော်အနားကို "
မင်းသားနောက်ကနေ လိုက်ဝင်လာတဲ့ တေးကိုမြင်တာနဲ့... အဘွားတော်မိဖုရားကြီးက သူ့အနားကိုလာဖို့ ခေါ်လေသည်။
တေး,အဘွားတော်မိဖုရားကြီး အနားကိုမသွားဘဲ
ခမ်းလှမ်းလှမ်းမှာ သွားရပ်လိုက်ပြီး..." နေကောင်းပါရဲ့လား အဘွားတော်မိဖုရားကြီး "
" ကောင်းပါတယ်ကွယ်။အဘွားတော်က တေးလေးကို အမြဲသတိရနေတာ။ဟိုနေ့က ဆေးရုံမှာတွေ့တုန်းကလည်း စကားကောင်းကောင်း မပြောလိုက်ရလို့ စိတ်မကောင်းဖြစ်နေတာ။အဘွားတော်အနားမှာ လာထိုင်ပါလား တေးလေး "
" တေးဒီကိုလာတာ မင်းသားကြောင့်နဲ့ ရောက်လာတာပါ။အဘွားတော်နဲ့ နန်းတော်က လူတွေကို သတိရလို့ လာတွေ့တာ မဟုတ်ပါဘူး "
" ခွန်းတေးအလင်္ကာ မင်း ငါ့ကိုမုန်းနေရင်တောင်
အဘွားတော်ကိုတော့ စကားကောင်းကောင်း ပြောသင့်တယ် "" မြေးတော် တေးလေးကိုသိပ်ပြီး မချုပ်ချယ်ပါနဲ့။တေးလေး အဘွားတော်နဲ့ လမ်းထွက်လျှောက်မလား။စကားလည်းပြောရအောင်လေ "
" တေးမှာ အချိန်မရှိပါဘူး အဘွားတော် "
" ဒါဆိုလည်း နောက်တစ်ခေါက်ပေါ့။နောက်တစ်ခါလာရင် သေချာပေါက် အဘွားတော်ကိုအချိန်ပေးမယ်မလား... "
" မပြောတတ်ပါဘူး အဘွားတော် "
အဟင်း...။
ဒီပ,မှာ ဆူပုတ်နေတဲ့ မျက်နှာလေးနဲ့ အဘွားတော်ကို ဘုကန့်လန့်ဖြေနေတဲ့ ချစ်ရသူကို စိတ်ဆိုးရမှာကို မဆိုးနိုင်ဘဲ... အသည်းယားလွန်းလို့ အသံတိတ်ခိုးရယ်နေမိသည်။
" အင်းပါ တေးလေး အဆင်ပြေသလိုပေါ့ "
" အဘွားတော် ညစားမစားရသေးဘူးမလား။ကျွန်တော်နဲ့ ခွန်းတေးအလင်္ကာ အဘွားတော်နဲ့အတူ
ထမင်းစားဖို့ လာခဲ့တာပါ "
![](https://img.wattpad.com/cover/333235278-288-k879467.jpg)