ရွှေမင်းသားရဲ့ ကြင်ရာတော်
or နတ်ရေးတဲ့ ရွှေဖူးစာ
အခန်း (၁)
.
.
" ဒီကို ဘာလို့ပြန်လာတာလဲ ခွန်းတေးအလင်္ကာ "
" တေး နိုင်ငံခြားမှာ နေရတာ မပျော်တော့ဘူး။ အခု အထက်တန်းလည်း ပြီးနေပြီ။တက္ကသိုလ်ကို
တေး ဂါမဏီမှာပဲ တက်တော့မယ်။အာ့ကြောင့်မို့
ပြန်လာတာပါ ဖေကြီး "" ဂါမဏီကို ဘွဲ့ရပြီးမှ ပြန်လာရမယ်လို့ ပြောလိုက်တဲ့ စကားကို အလကားပြောလိုက်တယ် ထင်နေလား။အခုချက်ချင်း အဝတ်အိတ်ယူပြီးတော့ ဟိုကို ပြန်သွား "
" တေး မသွားချင်ဘူး ဖေကြီး "
" ခွန်းတေးအလင်္ကာ! "
" တေး ကို ဖေကြီး စိတ်ဆိုးချင် ဆိုးပါ။တေး နိုင်ငံခြား ကို ပြန်မသွားတော့ဘူး "
" တောက်! ဒီသေးသေးလေး က ငါ့ကို အာခံနေပါလား။ဒုန်း "
" အမေ့! "
ဒေါသကြီးတဲ့ ဖေကြီးသည် တေး က သူ့ပြောစကားကို နားမထောင်လို့ စိတ်ဆိုးပြီး...
စားပွဲကို လက်နဲ့ထုလိုက်တာမို့... တေးမှာ လန့်သွားရသည်။" နိုင်ငံခြားကို ပြန်သွားပြီး တက္ကသိုလ်တက်မလား။ဒီမှာနေပြီး ကိုယ့်အားကို ကိုးပြီး၊တက္ကသိုလ်တက်မလား။နှစ်ခုထဲက တစ်ခုကိုရွေး "
တေး ပြန်လာရင် ဖေကြီး စိတ်ဆိုးမယ်ဆိုတာကို ကြိုတွေးမိပြီးသားပါ။အဲ့ဒါကြောင့်လည်း တေးသည် စိတ်ကိုတင်းထားပြီးသားပါ။ဖေကြီး
စိတ်ဆိုးလည်း ခဏလောက်ပဲ ကြာမှာမို့..." တေး ဟိုကိုပြန်မသွားတော့ဘူး။ဒီမှာ နေပြီး
တက္ကသိုလ်တက်ပါမယ် "" ကောင်းပြီ၊ ဒါဆိုရင် ဘာထောက်ပံ့မူ့မှ ဒီအဖေဆီကနေ မမျှော်လင့်နဲ့။အလုပ်ရှာပြီး ကျောင်းစရိတ်အတွက် ကိုယ့်အားနဲ့ ကိုယ့်ဘာသာ ရုန်း။ပြန်လာဖို့ မခိုင်းဘဲနဲ့ ကိုယ့်ဘာသာ ပြန်လာတဲ့အတွက် အပြစ်ပေးတာပဲ "
ဖေကြီး က ပြတ်သားသလို... တေးလည်း ပြတ်ိသားပါသည်။
" ဟုတ်ကဲ့ "