နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၆)
." အမေ့.. "
" ဟာ... တေး... "
ကားပေါ်ကအဆင်းမှာ တေး, ခြေချော်ကျသွားတာပဲဖြစ်သည်။
" မင်း က နမော်နမဲ့ကိုနိုင်လွန်းတယ် ခွန်းတေးအလင်္ကာ "
ခြေချော်ကျသွားရတဲ့ တေး,ကို ရှေ့ကနေမလဲကျအောင် ဖမ်းထိန်းပေးရင်း ပြောတဲ့ စကားက လဲကျသွားလို့ နာကျင်ရတဲ့ ခံစားချက်ထပ်ပိုပါသည်။
ချိုသာခြင်းအလျင်မရှိသော မင်းသား၏ ရှုတည်တည်မျက်နှာကို မကြည့်မိအောင် မျက်နှာလွှဲ၍နေရသည်။မင်းသားမျက်ဝန်းတွေနှင့်ဆုံမိရင် ရင်ထဲနာကျင်သူက တေး ပါ။အာ့ကြောင့်
လဲကျသွားမှာဆိုးလို့ ဖမ်းထားပေးတဲ့ တေးရဲ့ခါးပေါ်က မင်းသားရဲ့လက်တွေကိုလည်း တေးကိုယ်တိုင်ပဲ ခပ်မြန်မြန် ဆွဲဖယ်ပစ်လိုက်မိသည်။ကိုယ့်ကိုမကြင်နိုင်တော့တဲ့ သူဆီကနေ ဘယ်လိုဂရုစိုက်မှုမျိုးကမှ မလိုချင်တော့တဲ့ စိတ်ကြောင့်လည်းဖြစ်သည်။
" ဒီကို ဘာလို့လာတာလဲ "
ဂါမဏီမြို့တော်ရဲ့ နာမည်ကြီးသဘာဝအပန်းဖြေဥယျာဥ်နှင့်အဆင်မြင့်စားသောက်ဆိုင်၏ အဝင်အဝကိုကြည့်ပြီး မင်းသားကိုမေးလိုက်တော့...
" မင်းကိုပြန်ဖြေနေဖို့ အချိန်မရှိဘူး။အထဲကို မြန်မြန် သွားမယ်။ဗိုက်ဆာနေပြီ "
" အဟင်း "
မြန်မြန်သွားမယ်လို့သာ ပြောရသေးသည် သူမက
ဆူပုတ်ပုတ်မျက်နှာလေးနဲ့ ကိုယ့်ကိုမျက်စောင်းဝေ့ပြီး အနားကနေ ခြေကိုဆောင့်လျှောက်သွားလေသည်။ကိုယ့်ကို မုန်းတယ်ဆိုတဲ့ သူမ၏ မျက်ဝန်းတွေထဲမှာ အမုန်းဆိုလို့ မြူတစ်မှုန်တောင်မတွေ့ရသည်။အတိအကျပြောရင် သူမသည် အခုထိ ကိုယ့်ကိုချစ်နေသေးတယ်ဆိုတာ ဒီပ,သိနေ၏။သို့ပေမဲ့လည်း အခုချိန်ကျမှတော့ ကိုယ့်ကြောင့်နဲ့ နာကျင်နေတဲ့ သူမကိုနှစ်သိမ့်မှုမပေးနိုင်တော့ပါဘူးလေ။