part 30

1.4K 47 2
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၃၀)
.

" သမီး "

" မေ မေကြီးကပါ ဘာလို့ ဖေကြီး လို လုပ်ရတာလဲ။
ဘာလို့ တေး ကို တံခါးပိတ်ထားရတာလဲ။ဘာလို့
တစ်ပတ်လုံးလုံး တေး ကို ဝင်လာပြီးတောင် မတွေ့ရတာလဲ "

တစ်ပတ်ပြည့်တဲ့နေ့မှ အခန်းထဲဝင်လာဖော်ရတဲ့
မေကြီးကို မြင်တာနဲ့... တေးမျက်ရည်များနှင့် နာကျင်စွာ မေးမိ၏။

" သမီး မေကြီး ပြောတာကို နားထောင်နော် "

" ဘာကို နားထောင်ရမှာလဲ။တေးတို့ကို အကြောင်းမဲ့ သဘောမတူနိုင်ဆိုတဲ့ စကားလား... "

" မေကြီးတို့လည်း အကြောင်းမဲ့ သမီးတို့ကို ခွဲနေတာ မဟုတ်ပါဘူး။မေကြီးတို့မှာ သမီးတို့ကို မဖြစ်မနေ ခွဲရမယ့် အကြောင်းရှိ​လို့ပါ။အဲ့ဒါကြောင့် မင်းသား ကို မေ့လိုက်... "

" တော်ပါတော့... တေး ဘာစကားမှ နားမထောင်ချင်တော့ဘူး။ဘာအကြောင်းပြချက်မှလဲ နားမထောင်ချင်တော့ဘူး "

တစ်ပတ်အတွင်း အခန်းထဲ ပို့ပေးတဲ့ အစားအသောက်တွေကို ကောင်းကောင်းမစားပဲ
နေနေတဲ့ သမီးလေး က အတော်လေး ပိန်ကျသွားသည်။မျက်ရည်တွေနဲ့ နားနှစ်ဖက်ကို ပိတ်ပြီး ဘာမှ နားမထောင်ချင်ဘူးလို့ ပြောနေတဲ့... သမီးရဲ့ပုံစံလေးက ဒေါ်အလင်္ကာမေဦး၏ နှလုံးသားတစ်ခုလုံး ဖျစ်ညှစ်ခံထားရသလို နာကျင်ရ၏။ဖြစ်နိုင်ရင် ဒီအဖြစ်အပျက်တွေကို အိပ်မက်သဖွယ် ပြောင်းလဲပစ်လိုက်ချင်သည်။

" သမီးရယ်... မေကြီး ပြောတာလေးတော့
နားထောင်ပေးပါ "

" မေကြီး ကို အဆုံးထိ တေးဘက်ကလို့ ထင်ထားခဲ့တာ... ဒါပေမဲ့ မေကြီး က ဖေကြီးဘက်ကပါပဲ။
တေးဘက်က မဟုတ်တဲ့ သူရဲ့ စကားကို တေး နားမထောင်ချင်ဘူး။တေး ဒီတစ်ပတ်လုံးလုံး ဘယ်လိုတွေးနေခဲ့လဲ သိလား... "

" မေကြီးကတော့ ဖေကြီးလို မဟုတ်ဘူး။ငါ့က်ို ဒီကနေ ခေါ်ထုတ်သွားဖို့ တစ်နည်းနည်းတော့ ကြံနေမှာပါ။ငါနဲ့ မင်းသားကို မေကြီးကတော့ ခွဲမှာ မဟုတ်ဘူးလို့ပေါ့ "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now