နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၅၆)
.
" ဟယ်လို အမေ "" မင်း အခု ဘယ်မှာလဲ မဟော်စျာန် "
" ကျွန်တော် အဖေ့ဆီမှာ အမေ "
" ပြန်လာခဲ့ အမေ့ဆီ ပြန်လာခဲ့ပါ သား "
" တောင်းပန်ပါတယ် အမေ "
သားဆီကနေ မထင်ထားတဲ့ တောင်းပန်စကားကို ကြားလိုက်ရတော့... ဒေါ်နမ်းပန်းဆမ်မှာ ထိတ်လန့်သွားရ၏။
" ဘာကို တောင်းပန်တာလဲ။အမေ မင်းဆီက တောင်းပန်စကား မလိုချင်ဘူး။မင်းကိုပဲ အမေ့ဆီ ပြန်လာစေချင်တာ "
" ကျွန်တော် မလာနိုင်ပါဘူး အမေ "
" မဟော်စျာန်! "
သားရဲ့အဖြေကြောင့် ဒေါ်နမ်းပန်းဆမ်မှာ သားနာမည်ကို လေသံမာမာနဲ့ ခေါ်လိုက်မိ၏။သားရဲ့အဖေခင်ပွန်းဟောင်း၏ တချို့သော အကြောင်းတွေကို အသိတွေကနေ တဆင့်ကြားသိထားသည်မို့... ညကတည်းက အိမ်ပြန်မလာတဲ့ သားကိုစိတ်ပူမိနေရတာ။ညက ဖုန်းဆက်ပေမဲ့လည်း ဖုန်းမကိုင်တဲ့ သားကြောင့် အိပ်မပျော်တဲ့အထိ စိတ်ပူနေခဲ့ရတာ။
အခု ဖုန်းကိုင်တော့လည်း အမေကိုစိတ်ပူအောင်လုပ်နေပြန်သည်လေ။သားကို ဘယ်လိုကြောင့်နဲ့မှ
သူ့အဖေနဲ့အတူမနေခိုင်းနိုင်ပေ။သူ့အဖေကြောင့်
တစ်ယောက်တည်းရှိတဲ့ သားလေး၏ အနာဂတ်ကို
အထိခိုက်မခံနိုင်ပေ။ထို့ကြောင့်...." သား အမေ့ဆီကို အခုပြန်လာခဲ့။အမေ သားကိုစိတ်မဆိုးချင်ဘူး "
" ကျွန်တော်အဖေ့ဆီမှာကနေ ဘယ်ကိုမှ မသွားနိုင်တော့ဘူး အမေ "
" မဟော်စျာန်! အမေ့မှာ သားပဲရှိတာ သိတယ်မလား။သားအမေ့နားမှာမရှိရင် အမေ့ဘဝက ဘာမှ အဓိပ်ပါယျမရှိတော့ဘူး။အမေ့သားဘဝကို အဲ့လူကြောင့်နဲ့ အပျက်စီးမခံနိုင်ဘူး။အမေ့သားဘဝကို
အဲ့လူကြောင့်နဲ့ အနစ်မွန်းမခံနိုင်ဘူး။ဒါကြောင့် အမေ့ဆီ ပြန်လာခဲ့ပါ သား "စျာန်,မိခင်၏ စကားများကြောင့် ရင်ထဲမွန်းကြပ်သွားရ၏။အမေ့အတွက် စျာန်,ပဲရှိတာဖြစ်သလို...
အမေနဲ့တခြားသူတွေ ထပ်မထိခိုက်ဖို့အတွက် အဖေ့ကို တားဆီးနိုင်မယ့်သူကလည်း စျာန်,ပဲရှိသည်။ဒါကြောင့်ပဲ စိတ်မကောင်းစွာနဲ့ အမေ့ကို...