နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၁၇)
.ညနေခြောက်နာရီအချိန်ခန့်၌...
ဂါမဏီမြို့၏ မြို့ပြင် ကားလမ်းဘေးတစ်နေရာ
အနက်ရောင်ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့
မျက်နှာချင်းဆိုင်၍ ရပ်ထားလေသည်။ရပ်ထားတဲ့ ကားဘေးမှာ အနက်ရောင်ဘောင်ဘီနဲ့
ရှပ်တွေကို ဆင်တူသဖွယ် ဝတ်ထားသလို ဝတ်ထားတဲ့ လူနှစ်ယောက် ထိုင်ပြီး စကားပြောနေကြသည်။ထိုလူနှစ်ယောက်သည်ကာ...." မင်းသား ခွန်းတေး ကို အနားမှာ ထပ်ခေါ်ထားတာ ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လို့လဲ "
" မင်း UKကို ကျောင်းသွားတက်ကတည်းက ငါတို့ ဝေးသွားခဲ့တာ ဆယ်စုနှစ်တစ်ခုကြာခဲ့တယ်။အခု ပြန်တွေ့တော့ ပြောတဲ့စကားက... ငါ့တို့ အကြောင်း မဟုတ်ဘဲ... တခြားသူရဲ့ အကြောင်းတဲ့လား။မင်းက အရင်က ငါ့ရဲ့ကစားဖော်၊ကစားဖက် သူငယ်ချင်းတစ်ယောက်မှ ဟုတ်သေးရဲ့လား စျာန် "
" စကားနာထိုးပြီး၊စကားလမ်းကြောင်း လွှဲမပစ်လိုက်ပါနဲ့ မင်းသား "
" အဟင်း မင်း က တော်တော်လေး သိချင်နေမှတော့ ပြောရမှာပေါ့။သူဆံချည်မျှင်တစ်ပင်ကိုတောင် အထိမခံတဲ့အထိ ကာကွယ်ပေးမှာ။နောက်ထပ်ရော ဘာသိချင်သေးလဲ "
" မင်းသား ကာကွယ်ပေးမယ်ဆိုရင် သေချာကာကွယ်ပေးပါ။ကျွန်တော့်အဖေနဲ့ အဒေါ်အကြောင်းကို မင်းသားလည်း သိိမှာပါ။ပြီးတော့ ခွန်းတေး ကို ဘယ်အချိန်ထိ ဟန်ဆောင်ကြင်ရာတော်လုပ်ခိုင်းမှာလဲ "
" ဘယ်သူက ပြောလဲ တေး က ဟန်ဆောင်ကြင်ရာတော် လို့! "
" ခွန်းတေး ကိုယ်တိုင် ပြောတဲ့ စကား...! မဟုတ်မှ မင်းသား! "
စျာန် စကားပြောနေရင်းက အကြောင်းအရာ တစ်ခုကို တွေးမိတာကြောင့်... မင်းသား ကို မယုံကြည်နိုင်စွာနဲ့ ကြည့်လိုက်မိသည်။
" အဟင်း မင်း ထင်နေတာ ဟုတ်တယ်။ အစကတော့ ခွန်းတေးအလင်္ကာ က ငါ့အတွက် ဟန်ဆောင်ကြင်ရာတော်တစ်ယောက်ပဲ။ဒါမဲ့ အခုတော့ မဟုတ်တော့ဘူး "