ဒီလ လှူဖြစ်တာလေးပါ။အားလုံးရဲ့စုပေါင်းအလှူလေးပါ။
နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၁၂)
." မင်းသား... "
ပန်းခိုးခူးတာ ပိုင်ရှင်ထံမှာ မိသွားတာကြောင့်...
တေး,မှာ မချိသွားဖြဲရုပ်လေးနဲ့ မင်းသား ကို
ကြည့်နေမိသည်။" ကိုယ့်ကို ခေါ်ပြီး၊ဘာမှ မပြောဘူးဆိုရင် ရင်ဘတ်ပေါ်ကနေ ထပေးပါလား... "
" ဟင်... ဟုတ် "
" အာ့! "
လူပေါ်ကို ခန္ဓာကိုယ် တစ်ခုလုံးတက်ဖိထားတဲ့
သူမက... ထတဲ့အခါမှာပါ ဒီပ,ရင်ဘက်ပေါ်ကိုပါ
လက်နှစ်ဖက်နဲ့ ဖိထောက်ပြီး ထလိုက်တာကြောင့်
ခဲပေါ်ကို တည့်တည့်ဖိကျထားတဲ့ နောက်ကျောမှာ နာကျင်အောင့်မျက် သွားရချေသည်။" ဆော ဆောရီး... အရမ်းနာသွားလား ဟင် "
တေး, ထဖို့ လုပ်ရာမှာ ပက်လက်လန်လဲကျနေတဲ့
မင်းသားရဲ့ရင်ဘက်ပေါ်ကို လက်နှစ်ဖက်နဲ့ ဖိထောက်ပြီး ထလိုက်မိတာကြောင့်... အော်သံနဲ့အတူ မျက်နှာရှူံ့မဲ့သွားတဲ့ မင်းသားပုံစံက အတော်ကို နာသွားတဲ့ ပုံပင်။" မနာပါဘူး။ မင်း အရင်ထလိုက်ပါ "
" ဟုတ် "
တေး ထတော့ မင်းသားလည်း ထလာသည်။
" မင်းသား က မနက်ဖြန်မှ ပြန်လာမှာ မဟုတ်ဘူးလား "
" စိတ်ပူရအောင် လုပ်နေတဲ့ လူတစ်ယောက်ကြောင့် အမြန်ပြန်လာ ဖြစ်သွားတာ "