နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၁၅)
." ကျွီ! အမေ့! "
တေး ကို လေဆိပ်လိုက်ပို့နေတဲ့ ကားက မောင်းနေရင်းက ဘရိတ်ဆောင့်အုပ်ပြီး ရပ်ပစ်လိုက်တာကြောင့် ကားနောက်ခန်းက တေးရဲ့ခန္ဓာကိုယ်က
ရှေ့က်ို ယိုင်ကျသွားရသည်။" နန်းတော်က ကားက ဘာလို့ ကျွန်တော်တို့ ကားရှေ့ကို ပိတ်ရပ်ရတာလဲ "
" အိမ်ရှေ့စံမင်းသားကိုယ်တိုင်ပါလား "
ကားရှေ့ခန်းက ဦးလေးဟန်နဲ့ ဒါရိုင်ဘာရဲ့စကားကြောင့် တေးသည် ကားရှေ့တည့်တည့်ကနေ ကန့်လန့်ဖြတ် ပိတ်ရပ်ထားတဲ့ ကားဆီကို အကြည့်ရောက်သွားခဲ့သည်။
တေး ကြည့်လိုက်ချိန်မှာပဲ နက်ပြာရောင်ရှပ်လက်ရှည်နှင့် စတိုင်ပန်ကို စမတ်ကျကျ ဝတ်ထားတဲ့ အိမ်ရှေ့စံက ကားပေါ်ကနေဆင်းလာနေသည်။
တေး မင်းသားကိုတွေ့ရတော့ ပျော်သွားသည်။
ဘာကြောင့်ဆို တေး UKကို ပြန်မသွားရဖို့ ကူညီနိုင်တဲ့ သူက မင်းသားတစ်ယောက်ပဲ မဟုတ်လား။" မမလေး ကားပေါ်မှာပဲ နေပါ "
ဦးလေးဟန် က တေးကိုပြောပြီး ကားပေါ်က ဆင်းသွားသည်။
ဦးလေးဟန် ဆင်းသွားတာနဲ့ ပြောစကားနားမထောင်ဘဲ တေးလည်း ကားပေါ်ကနေ လိုက်ဆင်းလိုက်သည်။
" မင်းသား "
" မမလေး ဘာလို့ ဆင်းလာတာလဲ။ကျွန်တော်တို့
အနောက်မှာပဲ နေပါ "ဆိုပြီး ဦးလေးဟန်နဲ့ ဖေကြီးရဲ့လူတွေက တေးအရှေ့ကနေ ပိတ်ရပ်ထားကြသည်။" ခွန်းတေးအလင်္ကာ ကို ဒီကို လွှတ်လိုက်ပါ "
" တောင်းပန်ပါတယ်။မလွှတ်ပေးနိုင်ပါဘူး "
" ခင်ဗျားတို့က ဘယ်သူတွေလဲ။ဘာလို့ ခွန်းတေးအင်္လကာ ကို ဖမ်းချုပ်ထားကြတာလဲ။ငါက ဘယ်သူလဲဆိုတာရော မသိကြတာလား... "
ဒီပ,ခပ်တင်းတင်း ပြောတော့မှ တစ်ဖက်လူ က
အရိုအသေပေးလာပြီး...