နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၁၄)
." အာ့! "
တေး,မျက်နှာသစ်ပြီး၊မင်းသာ အိပ်ခန်းထဲက မှန်တင်ခုံရှေ့မှာ မျက်နှာကိုမျက်နှာသုတ်ပုဝါဖြင့် သုတ်နေရင်းက အရိုက်ခံထားရတဲ့ ပါးကိုရေသုတ်တော့... နာသွားရသည်။
" ဘာဖြစ်တာလဲ "
အခန်းက ခုံတစ်ခုမှာ ထိုင်နေတဲ့ မင်းသား က တေးအသံကြောင့် အနားကို ချက်ချင်း ရောက် လာပြီး မေးသည်။
" ဟင့်အင်း ဘာမှမဖြစ်ဘူး "
" ဘာမှမဖြစ်တာကိုက ဖြစ်နေတာ။ပေး "
" ရ တယ်... "
တေးပြောလို့တောင်မပြီးသေး... မင်းသား က တေးလက်ထဲကနေ မျက်သုတ်ပုဝါကို ဆွဲယူသွားသည်။
အဲ့နောက် ညင်သာတဲ့လက်တစ်စုံက တေးမျက်နှာပေါ်ကို ရောက်လာခဲ့သည်။မျက်နှာသုတ်ပေးခံနေရတာကို မနေတတ်ပေမဲ့... မင်းသား က
လွှတ်ပေးမည့်ပုံမရှိတာကြောင့် အသာငြိမ်နေလိုက်ရသည်။မယ်တော်ကြောင့် အခုထိနီမြန်းနေဆဲ သူမ၏
ပါးပြင်တစ်က ဒီပ,စိတ်ကို မသက်သာစေသည်။" ယုယု အဝတ်စားနဲ့ ယူလာခဲ့ "
" ဟုတ်ကဲ့ "
မင်းသား စကားအဆုံးမှာ အစ်မယုယုတို့က
တေးအတွက် အဝတ်စားနဲ့ သနပ်ဖလားကို ယူပြီး
ဝင်လာကြသည်။" ကြင်ရာတော်လေး သနပ်ခါး... "
" ထားခဲ့လိုက် မင်းတို့ သွားတော့ "
" ရှင် ဟုတ် ဟုတ်ကဲ့ "
မင်းသား က ထားခဲ့ခိုင်းတာမို့...
ယုယုတို့မှာ ပြန်ထွက်လာရသည်။တကယ်ဆို
ကြင်ရာတော်လေး က သနပ်ခါးကို ပြည်ပကနေ
ပြန်လာကတည်းက တစ်ခါပဲ လိမ်းဖူးသေးတာ။လိမ်းတက်ပါ့မလားဆိုတာကို စိုးရိမ်နေမိသည်။ဒီမနက်က မိဖုရားကြီးတို့ကို သွားနူတ်ဆက်ရအုံးမလား။" လာ... ဒီမှာထိုင် "
အဝတ်လဲခန်းထဲကနေ ထွက်လာတဲ့ တေးကို မင်းသားက မှန်တင်ခုံရှေ့က ထိုင်ခုံဆီကို လာထိုင်ဖို့ ခေါ်နေတာပဲ ဖြစ်သည်။