နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၃၇)
." ခွပ်! ဘောဂ မင်း က ငါ့ကို အာခံပြီး၊ သစ္စာဖောက်ဖို့ တွေးတယ်ပေါ့ "
" မင်းမှာ ငါနဲ့ ရင်ဆိုင်ဖို့ သတ္တိတော်တော်လေး ရှိနေတယ်ပေါ့ "
" ငါ မေးတာ ပြောစမ်းကွ ဟေ့ကောင်ရ "
အမတ်ချုပ်ကြီးသည် ဦးဘောဂ ကို ထိုးကြိတ်ပြီး စကားပြောနေရာမှ အားမလိုအားမရ ဖြစ်ကာ... ဦးဘောဂ၏ အင်္ကျီကော်လံစကိုဆွဲဆုပ်ကိုင်ပြီး မေးသည်က ဒေါသတကြီးဖြင့်။
မင်းသားမိခင်ကို သတ်ခဲ့တာကို ဝန်ခံပြီး အဖမ်းခံတော့မယ်ဆိုတဲ့ အကြောင်းကို စပြောကတည်းက
အမတ်ချုပ်ကြီးဆီကနေ အထိုးအကြိတ်ခံနေရတဲ့
ဦးဘောဂမှာ ဘာစကားက်ိုမှ ထပ်မပြောချင်တော့သည်။" ကျွန်တော့်မှာ အမတ်ချုပ်ကြီး ကို ရင်ဆိုင်ဖို့ သတ္တိမရှိပါဘူး။ကျွန်တော့်အပြစ်ကို ဝန်ခံပြီး အပြစ်ကိုခံယူပြီးတော့ အေးအေးချမ်းချမ်းလေးပဲ နေချင်တာပါ "
" မင်း လူသတ်ပြီး အေးအေးချမ်းချမ်း နေလာတာ...
မင်းရဲ့သမီးတစ်သက်ပဲရှိနေပြီ မဟုတ်ဘူးလား။အခုမှ ဘာစိတ်ရူးထဖောက်ရတာလဲ။မင်း အပြစ်ခံယူချင်တိုင်း ငါကပါ အဖမ်းခံပေးရမှာလား။မင်း အဖမ်းခံချင်တာနဲ့ ငါနဲ့ ငါ့မိသားစုကပါ လိုက်ဘဝပျက်ပေးရမှာလားကွ! "" မင်းမိန်းမနဲ့သမီး ပြိုင်တူသေသွားတာမျိုး အဖြစ်မခံနိုင်ရင် သောက်အဓ်ိပ္ပါယ်မရှိတာတွေကို လုပ်ဖို့ မစဥ်းစားနဲ့ ဘောဂ "
" ငါ ပြောတာ ကြားလားကွ။ခွပ် ခွေးမသားရဲ့! "
ဘယ်နှစ်ချက်မှန်း မသိတော့တဲ့ လက်သီးချက်ကြောင့် ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်နဲ့ အမတ်ချုပ်ကြီးကို ခေါင်းငုံ့ပြီး ဖြေလိုက်ရတဲ့ ဦးဘောဂ။
" ဟုတ်ကဲ့ ကျွန်တော် ကြားပါတယ် "
" မင်း အဖမ်းခံရင် လူသတ်မှုတစ်ခုတည်း မဟုတ်ဘူး။တခြားကိစ္စတွေပါ တန်းစီပြီးတော့ ပေါ်လာတော့မှာ။အဲ့ကျရင် မင်းကို အိမ်ရှေ့စံက အလွတ်ပေးများ ထင်နေလား။မင်း ကို သူ့အမေအတွက်နဲ့
ချက်ချင်း ကြိုးစင်ကောက်တင်ပစ်လိမ့်မယ်။အဲ့ဒါကို မင်း နားလည်လား။မင်းရဲ့သမီးရှေ့မှာ အိမ်ရှေ့စံက မင်းကို ကြိုးစင်တင်တဲ့ အဖြစ်မျိုးနဲ့ မကြုံချင်ဘူးဆိုရင်၊မင်းခေါင်းထဲက မဟုတ်တဲ့ အတွေးတွေကို ထုတ်ပစ်လိုက် ဘောဂ "