Part 53

759 22 0
                                    

နတ်ရေးတဲ့ ရွှေဖူးစာ

or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

အခန်း (၅၃)
.

" ခွန်းတေး! "

" ဖေကြီးကိုကယ်မပေးနိုင်ရင်၊တေး လုပ်နေတာကို
မတားပါနဲ့။တေး အခုချိန်မှာ လိုအပ်နေတဲ့ လူက
တေးကိုကူညီပေးနိုင်မယ့် လူကိုလိုတာ။တေးလုပ်နေတာကို တားဆီးမယ့်လူကိုလိုအပ်တာ မဟုတ်ဘူး
စီနီယာ "

သူမစကားကြောင့် သော့ဖွင့်နေတဲ့ သူမ၏ လက်ကိုဆုပ်ကိုင်ထားတဲ့ စျာန့်ရဲ့လက်က အားအင်းမဲ့စွာဖြင့်
ပြုတ်ကျသွားခဲ့သည်။

" မင်း အဖေကိုဒီကနေ ခေါ်ထုတ်သွားနိုင်အောင် ငါ့မှာ နည်းလမ်းရှိပါသေးတယ်။ဒါကြောင့် ငါ့စကားကို မင်းနားထောင်ရမယ် ခွန်းတေး "

" စီနီယာ့ရဲ့နည်းလမ်းက ဘာလဲ "

" အဲ့ဒါကို မင်း သိစရာမလိုဘူး။ဒီကနေ ထွက်ပြီး
ကားထဲမှာ သွားစောင့်နေ "

" တေး ဒီကနေ ဘယ်မှမသွားနိုင်ဘူး စီနီယာ "

စျာန်, ခေါင်းမာနေတဲ့ သူမ၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး....

" ခေါင်းမမာနဲ့ ခွန်းတေး။ငါ့ရဲ့နည်းလမ်းက
မအောင်မြင်ခဲ့ရင် အချုပ်ခန်းနားမှာ နေနေတဲ့ မင်းအတွက် အန္တရာယ်များတယ်။ငါ အန္တရာယ်တွင်းရောက်သွားခဲ့ရင်တောင်၊ မင်းက လွှတ်မြောက်နေသေးရင် မင်းအဖေအတွက် မင်းဆက်ပြီး လှုပ်ရှားလို့ ရသေးတယ်။ဒါကြောင့် ငါ့စကားကို နားထောင်ပြီး၊ဒီအိမ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရပ်ထားတဲ့ ငါ့ကားထဲမှာ သွားနေချေ။ပြီးတော့ ဖုန်းကိုဖွင့်ထား။ငါဆက်သွယ်တာနဲ့ မင်းအဖေကိုခေါ်ဖို့ ဒီအိမ်ကိုလာခဲ့။ဖုန်းကို ငါဆွက်သွယ်တာကိုပဲ စောင့်။မင်း ငါ့ဆီကို ဖုန်းမဆက်နဲ့။ငါပြောတာတွေကို သေချာမှတ်ထားပြီး၊အခု သွားတော့... "

ကိုယ့်စကားကို မယုံမရဲဖြင့် တွေဝေနေတဲ့ သူမ။

" ခွန်းတေး မင်းအဖေအတွက် ငါတို့မှာ အချိန်အများကြီး မရှိဘူး "

စျာန်, ဆုပ်ကိုင်ထားတဲ့ သူမ၏ ပခုံးနှစ်ဖက်ကို လှုပ်ယမ်း၍ ဒီကနေ အမြန်သွားဖို့ သတိထပ်ပေးလိုက်တော့မှ... အချုပ်ခန်းထဲက သူ့အဖေကို တစ်ချက်ကြည့်ပြီး ပြေးထွက်သွားတော့သည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now