နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၇၅)
." ရွှေအိုရောင်လေး သဘောကျနေတာလား ဒီဒီ "
" ဟုတ်တယ်။ ဘယ်လိုလဲ လှတယ်မလား ဒီပ "
" အင်း... တော်တော်လေးလှတယ် "
" ငါလည်း ဆိုင်ထဲဝင်လာကတည်းက ဒါလေးကို တော်တော်လေး သဘောကျနေမိတာ။နင်ရော ငါရောဒီတစ်ခါတော့ အကြိုက်တူသွားတာပဲ ဒီပ "
" ရွှေအိုရောင်လေးဆိုတော့ ဝတ်လိုက်တာနဲ့ မျက်လုံးထဲ ထင်းလင်းနေမှာ "
" ဟုတ်တယ် ဝတ်လိုက်ရင်ပိုလှမှာ။ အသားဖြူတော့ ဝတ်လိုရင် ဝင်းလဲ့ပြီး တောက်ပနေမှာ။ရွှေချည်ထိုးကြိုးလေးတွေနဲ့ ပန်းခက်၊ပန်းနွယ်ပုံစံလေးတွေ ပုံဖော်ထားတာက လက်ရာသေသပ်လွန်းတယ် "
" ဟုတ်တယ် "
" နင်တောင် လှတယ်ဆိုတော့ ငါ ရွေးချယ်တာ မှန်သွားပြီထင်တယ် "
" အဟင်း အခုက ဒီအရောင်ကို ငါကိုယ်တိုင်ကလည်း သဘောကျလို့ပါ။ မဟုတ်ရင်တော့.... "
" ငါ ကြိုက်တဲ့အရောင်ကိုပဲ ရွေးမှာလို့ ပြောမလို့မလား..."
" ဒါပေါ့ "
" ဒီပ "
" ဘာလဲ ဒီဒီ "
" ခွန်းတေးအလင်္ကာ ကို ဘာလုပ်ဖို့ ခေါ်လာတာလဲ။သူကလိုက်လာပြီး အပိုလူလိုဖြစ်နေတာပဲ။အဝတ်စားရွေးတာလည်း ငါတို့ပဲရွေးတာလေ။သူက ဆိုင်ရောက်ကတည်းက ထိုင်နေရတာ။စျာန်ကမှ ဆိုင်အတွင်းကို လျှောက်ကြည့်နေသေးတယ်။သူက ငုတ်တုတ်ထိုင်နေရတာ ကျောက်ရုပ်လေးနဲ့တောင်တူနေပြီ "
" အဟင်း "
" ရယ်ပဲရယ်မနေနဲ့ ဒီမှာ သူ့ကိုမလိုအပ်ရင်လည်း
ပြန်လွှတ်လိုက်လေ။သူ့မှာလည်း အလုပ်တွေရှိနေတာ နင်လည်းသိသားနဲ့။ပြန်လွှတ်လိုက်ပါလား။အခုလိုကြီး သူ့ကို မလိုဘဲနဲ့ တမင်ခေါ်လာတာက သူ့အလုပ်တွေကို နှောင့်နှေးရာကြတာပေါ့ "" သူ့ကိုမလိုဘဲ ခေါ်လာတာလို့ ဘယ်သူကပြောလဲ "
" ဒါဆို သူ့ကိုလိုအပ်တယ်လို့ ပြောချင်တာလား "