နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
အခန်း (၄၃)
." အဘွားတော် ကျွန်တော့်ကို ရှာနေတယ်ဆိုတာ
ဘာပြောချင်လို့လဲ "ဒီပ, စိတ်ကတည်ငြိမ်မှုမရှိသေးတာကြောင့် အဘွားတော်ကို စကားပြောဆိုရာမှာ လေသံကတင်းမာနေ၏။
" မြေးတော် အရမ်းစိတ်မကောင်း ဖြစ်နေလား။အဘွားတော်က တောင်းပန်ပါတယ် "
" ဘာကို တောင်းပန်တာလဲ။မယ်တော် သေဆုံးရတဲ့ အကြောင်းကို လစ်လျူခဲ့မိတာကိုလား။ဒါမှမဟုတ်
ကျွန်တော့်ကို လိမ်ညာခဲ့တဲ့အတွက်လား "" အားလုံးပါပဲ မြေးတော် "
" ကျွန်တော့်မယ်တော်နဲ့ ပတ်သက်ပြီး ဘယ်သူ့ဆီကမှ တောင်းပန်တာကို လက်ခံပေးမှာ မဟုတ်ဘူး။ အပြစ်ခံယူရမယ့် လူအားလုံးကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးမှာ "
" မြေးတော်ရဲ့စိတ်ထဲမှာ အခု ဘယ်လိုဖြစ်နေလဲဆိုတာ အဘွားတော် နားလည်ပါတယ်။ဒါပေမဲ့... မြေးတော် ကို အမှန်တိုင်း မပြောခဲ့မိတာက... ငယ်ရွယ်နုနယ်တဲ့ မြေးတော်ရဲ့စိတ်ကို ဒဏ်ရာတွေ မရစေချင်တာကြောင့်ပဲ။ပြီးတော့... မြေးတော်နဲ့ မြေးတော်ရဲ့ မယ်တော်က အတူနေခွင့်လည်း ရခဲ့ပါတယ်။မြေးတော် မသိခဲ့တာကလွဲရင်ပေါ့ "
" အဘွားတော် အခု ပြောလိုက်တာလဲ... ကျွန်တော် က မယ်တော်နဲ့အတူ နေခွင့်လိုက်ရတယ်လို့ ပြောလိုက်တာလား... "
" ဟုတ်ပါတယ်ကွယ်။မြေးတော် မှတ်မိသေးသလားတော့ မသိဘူး။မြေးတော်မှာ နို့ထိန်းမိခင်ရှိခဲ့တာကိုလေ "
အဘွားတော်စကားကြောင့် ဒီပ,မျက်လုံးထဲမှာ မပီဝိုးတဝါးနဲ့ ပြန်ပြီးတော့ မြင်ယောင်လာမိတဲ့... အမျိုးသမီးတစ်ယောက်၏ ခပ်ရေးရေး မျက်နှာတစ်ခု။
" နို့ထိန်းမိခင်နဲ့ ကျွန်တော့်မယ်တော်က ဘာပတ်သက်နေလို့လဲ အဘွားတော် "
" နို့ထိန်းမိခင်အမျိုးသမီးက တခြားသူ မဟုတ်ဘူး။မြေးတော်ရဲ့ မွေးမိခင်မယ်တော်ပဲ "
" ဗျာ...! "
ဒီပ, အဘွားတော်ဆီကနေ ကြားလိုက်ရတဲ့ စကားကြောင့် လူက လုံးဝကို ဆွံ့အလို့သွားရသည်။