Part 64

793 17 0
                                    

          နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာတော်

          အခန်း (၆၄)

" ဒိုင်း! အာ့! "

" သား... သားတော်...!  "

" အို... ဘုရားရေ... "

အမတ်ချုပ်ကြီးယက္ခ ပစ်လိုက်တဲ့ သေနတ်ကျည်က သားတော်ရဲ့နောက်ကျောဆီကို တန်းတန်းမတ်မတ် ထွက်လာတာမို့... အလွန်တရာ
ထိတ်လန့်သွားရသူက အိမ်ရှေ့စံရဲ့မယ်တော်
ဒေါ်ငွေနှင်းမှုံရယ်ပါ။

သားတော်အတွက် တုန်လှုပ်သွားတဲ့ အခိုက်လေးမှာပဲ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ဒေါ်ငွေနှင်းမှုံမှာ မျက်လုံးအပြူးသားဖြင့် ဘုရားတမိသည်အထိ အံ့သြမှင်သတ်သွားရ၏။

" ဒိုင်း! ဒိုင်း! အား... "

အံ့သြမှင်သတ်လို့ဖြစ်မပြီးသေး နောက်ထပ် ထွက်ပေါ်လာတဲ့ သေနက်သံနဲ့အတူ အမတ်ချုပ်ကြီးယက္ခ၏ နောက်ဆုံးသောစကားသံလို့ပြောရမည့် ကြောက်မက်ဖွယ်အော်သံက ကြည်သည်းထဖွယ် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

" ဒိုင်း ဒိုင်း ဒိုင်း "

" ဒိုင်း ဒိုင်း ဒိုင်း "

အမတ်ချုပ်ကြီးယက္ခဆီမှ သေနတ်သံထွက်လာတာ
နဲ့ တပြိုင်နက်ထဲ အိမ်ရှေ့စံရဲ့နန်းတွင်းရဲမက်တွေနှင့် အမတ်ချုပ်ကြီး၏ လူများနှင့်တိုက်ခိုက်မှုတွေ
ဖြစ်ပွားနေကြတာပဲဖြစ်သည်။

နန်းတွင်းရဲမက်တွေရော အမတ်ချုပ်ကြီး၏ လူတွေရောကများပြားပေမဲ့... တစ်ဖက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အမတ်ချုပ်ကြီးက ကိုယ်ရံတော်နောင်ခနှင့် ဦးဘောဂ၏ ဘယ်လက်ရုံးဖြစ်တဲ့ ဦးဟန်တို့၏ ပြိုင်တူပစ်လိုက်ကြတဲ့ သေနက်မှန်ပြီး နေရာမှာတင် လဲကျသွားခဲ့သည်။

အမတ်ချုပ်ကြီး၏ လူများသည် သူတို့ခေါင်းဆာင်ဖြစ်တဲ့ သူကျဆုံးသွားတာကို သိတာနဲ့... ရှေ့ကိုတိုးပြီးတိုက်ဖို့ထက် သူတို့အသက်တွေ မသေရအောင်၊တိုက်ရင်းရဲ့ သင်္ချိုင်းမြေထဲကနေ ဆုတ်ခွာ၍ ပြေးကြတော့သည်။

သူတို့ပြေးပေမဲ့လည်း ရဲမက်တွေ နောက်ကနေ
ထပ်ချပ်မကွာလိုက်၍ ဖမ်းဆီးခြင်းကို ခံကြရလေသည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now