နတ်ရေးတဲ့ ရွှေဖူးစာ
or ရွှေမင်းသားရဲ့ ကြင်ရာတော်
. အခန်း (၂၄)
" အိုး... စားလို့ကောင်းလိုက်တာ ချိုချို အေးအေးလေး "
သူမ က ပဲမုန့်ဗိုင်းတောင့်နဲ့ မုန့်လက်ဆောင်း သောက်ပြီး၊ရောင်စုံကျောက်ကျောတုံးလေးတွေကို အားပါးတရ စားရင်း ပြောသည်။
" ဒါလဲ ကြိုက်တယ်လား... "
" အင်း။ တေး, မြန်မာရိုးရာ မုန့်တွေကို အခုမှ စားရတာ။ချိုချို စိမ့်စိမ့်အရသာလေးတွေက တေးအကြိုက်ပဲ "
" မင်း အချိုကြိုက်ရင် ဟိုဘက်မှာ မုန့်ဆန်းပေါင်းဆိုင်ရှိတယ်။သကြားနဲ့ အုန်းသီးက်ို အသုံးပြုပြီး
လုပ်ထားတဲ့ စားစရာပဲ "" အင်း... အဲ့ဘက်သွားမယ် "
တေး, ကျောက်ကျောဆိုင်ကနေ မုန့်ဆန်းပေါင်းဆိုင်ဘက်ကို စီနီယာနဲ့အတူ သွားလိုက်ပြန်သည်။
မြန်မာမုန့်တွေနဲ့ မြန်မာ့ရိုးရာ စားသောက်ကုန်နှင့်
အဝတ်အထည်ကိုသာ သီးသန့်ရောင်းသည် စျေးဖြစ်တာကြောင့်... ဘယ်နေရာကြည့်ကြည့် မြန်မာထွက်ကုန်တွေသာရှိသည်။လက်ဝတ်ရတနာနှင့် ချည်ထည်၊ရက်ကန်းထည်၊သံဖြင့် ပြုလုပ်သော ဓား၊လှံ၊လက်နက်များစွာတို့ကိုလည်း ထိုစျေး၌ ရောင်းချလေ၏။
ဂါမဏီမြို့ရဲ့ရိုးရာစျေးက ဂါမဏီမြစ်ကမ်းနားဘေးမှာ တည်ခင်းထားတာဖြစ်လို့... မြစ်ပြင်ကနေ တိုက်ခက်လာတဲ့ လေအေးအေးက စျေးသူ၊စျေးသားတွေကိုရော၊ဝယ်သူတွေကိုပါ အေးမြမူ့ပေး၏။
အဲ့ဒါအပြင် မြစ်အတွင်းမှာ ငါးဖမ်းနေတဲ့ တံငါးလှေတွေဆီမှာ အစာရှာထွက်ကြတဲ့ ငှက်ဇင်ယော်များနှင့် လေဟုန်စီးကာ ကောင်းကင်ယံထက် ပျံဝဲနေကြတဲ့ ငှက်ငယ်များစွာကို တွေ့ရသေးသည်။
" မု့န်ဆန်းပေါင်း တစ်ထုပ်ပေးပါ "
" စီနီယာ မစားဘူးလား "
" အင်း "
စီနီယာ မစားဘူးဆိုတာကြောင့် တေးသည် မုန့်ဆန်းပေါင်းသည် အဒေါ်က ငှက်ပျော်ဖက်လေးနဲ့
သေချာထုပ်ပေးနေတဲ့ အုန်းသီးများများနဲ့ မုန့်ဆန်ပေါင်းလေးဆီ အာရုံရောက်သွားခဲ့သည်။