Part 50

1.1K 38 0
                                    

       နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၅၀)
.

" ဒေါ်လေး ကို သရဖီ တစ်ခုလောက် ပြောစရာရှိတယ်။ပြီးရင် သရဖီပြောတဲ့အတိုင်း လုပ်ပေးပါ "

" ဘာလုပ်ပေးရမလဲ ပြောလေ "

" အရေးကြီးတာမို့လို့... လျှို့ဝှက်ပြီး လုပ်မှရမယ်။အဲ့ဒါကြောင့် အပြင်လူတွေ မသိဖို့လိုတယ် "

" မစိုးရိမ်နဲ့ ဒေါ်လေးအနားမှာနေရတဲ့ သူတွေအားလုံးက သမီးအဖေကိုယ်တိုင်ရွေးပေးထားတဲ့
လူတွေပဲ။အဲ့ဒါကြောင့် စိတ်မပူနဲ့ "

" အင်း၊အဲ့ဒါဆို သရဖီ ဒေါ်လေး ကို ပြောပြမယ် "

သရဖီ, လျို့ဝှက်စွာလုပ်ဖို့ရှိတဲ့ အကြောင်းအရာကို ဒေါ်လေးအား အသေးစိတ်ပြောလိုက်သည်။

"  ....................  "

" တူမတော် လုပ်ချင်တာကို ဒေါ်လေး လုပ်ပေးလို့ရပါတယ်။ဒါပေမဲ့ အခုပြောတာက သေချာရဲ့လား။လွှဲမှားရင် ဒေါ်လေးရော၊တူမတော်ရော အပြစ်တင်ခံရလိမ့်မယ် "

" အဖေကိုယ်တိုင်ပြောတဲ့ ကိစ္စမို့ သေချာပါတယ် "

" သေချာတယ်ဆိုရင် ဒေါ်လေး လုပ်ပေးမယ် "

" အင်း "

.......

" နန်းတွင်းထဲက လူဆီကနေ အခုလေးပဲ သတင်းပို့လာပါတယ်။ ခွန်းတေးအလင်္ကာ နန်းတော်ထဲရောက်နေပါပြီတဲ့ "

" ဟုတ်လား။ကောင်းတာပေါ့။အဲ့ကောင်မလေး
ဒီလောက်မြန်မြန် လုပ်ဆောင်လိမ့်မယ်လို့ မထင်မိဘူး။သူလုပ်တာ မြန်တော့လည်း ကောင်းတာပေါ့ "

" သခင်မလေးသရဖီလည်း မိဖုရားကြီးနန်းဆောင်ကို ရောက်နေတယ်လို့ သတင်းပို့လာပါသေးတယ် "

" သမီးက သူ့အဒေါ်ဆီသွားလည်တာနေမယ်။အဲ့မှာနေတာလည်း ကောင်းပါတယ်။သူ့အဒေါ်လည်း စကားပြောဖော်ရတယ်။နေပါစေ "

" ဟုတ်ကဲ့။ ဦးဘောဂ ကို ဘယ်လိုလုပ်ရမလဲ။ဒဏ်ရာတွေနဲ့ ဒီတိုင်းပစ်ထားရင် တစ်ခုခုဖြစ်သွားနိုင်ပါတယ် "

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now