Part 54

733 21 0
                                    

      နတ်ရေးတဲ့ ရွှေဖူးစာ

                           or ရွှေမင်းသားရဲ့ ကြင်ရာ​တော်

          အခန်း (၅၄)
.

" မင်းအခုပြောတဲ့ စကားတွေက တကယ်ဆိုတာ
သေချာလား သရဖီ "

" မင်းသား ကို သရဖီ အခုပြောပြနေတာတွေက
အဖေနဲ့ ဦးဘောဂ အိမ်မှာပြောနေတာတွေကို ကြားခဲ့ရတဲ့ အကြောင်းအရာတွေကိုပဲ ပြောပြနေတာပါ။
သေချာလား ဆိုတာထက် အမှန်တွေလို့ ပြောရင်ပိုပြီး မှန်ပါလိမ့်မယ် "

" ကျေးဇူးပဲ မင်းအဖေနဲ့ပတ်သက်ပြီး အမှန်တိုင်း ပြောပြပေးလို့ "

" နောင်ခ သူ့ကို အချုပ်ခန်းထဲ ပြန်ထည့်ထားလိုက်။
ငါ့အမိန့်မပါဘဲနဲ့ ဘယ်သူ့မှ သူ့ကို အချုပ်ခန်းထဲကနေ လွှတ်မပေးစေနဲ့ "

" ဟုတ်ကဲ့ မင်းသား "

" မင်းသား မင်းသား ပြောတော့... အဖေနဲ့ပတ်သက်ပြီး သိထားတာတွေကို အမှန်တိုင်း ပြောပြရင် သရဖီ့ကိုအချုပ်ခန်းထဲကနေ လွှတ်ပေးမယ်ဆို။အခုကျတော့ ဘာလို့ ပြောထားတဲ့ စကားကို မတည်ရတာလဲ "

သရဖီ,မင်းသား၏ အမိန့်စကားကြောင့် ထိတ်လည်းထိတ်လန့်သွားသလို... ပြောထားတဲ့ စကားကိုလည်း မင်းသား က မတည်တာကြောင့် စိတ်လည်းတိုကာ... ဒေါသဖြင့် မေးမိ၏။

" ဘာလို့လဲဆိုတော့... မင်း က ငါ့အမေ့က်ို သတ်တဲ့ လူသတ်သမားကို ကြိုးကိုင်တဲ့ သူရဲ့သမီးဖြစ်နေလို့ပဲ။ဒီလောက်ဆို မင်း နားလည်လောက်မှာပါ။နောင်ခ ခေါ်သွားတော့ "

" သခင်မလေး သွားရအောင်ပါ "

" မသွားဘူး... မင်းသား မင်းသား အား... "

မသွားဘူး ဟု ငြင်းဆန်ရင်းက မင်းသားနဲ့ စကားပြောဖို့ ကြိုးစားမိတဲ့ သရဖီ့ကို ကိုယ်ရံတော်နှောင်ခနှင့် ရဲမတ်တွေက မင်းသားရှေ့ကနေ အတင်းဆွဲခေါ်ကြတာကြောင့်...

ချုပ်ကိုင်ခံရတဲ့ သရဖီ့,လက်တွေက နာကျင်မိတာကြောင့် မရုန်းနိုင်တော့ဘဲ... သူတို့ခေါ်ဆောင်ရာ အချုပ်ခန်းဆီကို ပြန်လိုက်သွားရတော့သည်။

အချုပ်ခန်းထဲကနေ သရဖီ,လွှတ်မြောက်ဖို့ဆိုရင်
မျှော်လင့်ရတာက အဖေနဲ့အဒေါ်ဖြစ်တဲ့ မိဖုရားကြီးသာရှိတော့သည်။

နတ်ရေးတဲ့ ရွှေဖူးစာ  Completed  Where stories live. Discover now