ရွှေမင်းသားရဲ့ ကြင်ရာတော်
or နတ်ရေးတဲ့ ရွှေဖူးစာ
အခန်း (၅)
.
." ဒီဆိုင်က စတိတ်အသားက အရမ်းနူးညံ့ပြီး
စားလို့ကောင်းတယ်။အဲ့ဒါကြောင့် မင်း ကို ဒီဆိုင်ကို ခေါ်လာပေးတာ။အဆင်ပြေတယ်မလား "" ဟုတ် ပြေပါတယ်။ဟိုလေ... တေး မင်းသား ကို တစ်ခုလောက် မေးလို့ရလား "
" အင်း ရတယ်။ မေးလေး "
" ကုန်တိုက်မှာတုန်းကလေ ငါ့ချစ်သူ ကြင်ရာတော်လောင်းလျာ ဆိုတာကိုလေ ဘာလို့ ပြောတာလဲ ဟင်။တကယ်ဆို တေး က အယောင်ဆော င်သပ်သပ်ပဲလေ "
" အဲ့လိုပြောဖို့လို လို့ ပြောလိုက်ရုံပဲ။တခြားအတွေးတွေ မတွေးရင် ကောင်းလိမ့်မယ် "
" ရှင်... "
တေးမှာ မင်းသားအဖြေကြောင့် ဆွံ့အသွားရ၏။
" တကယ်တော့... ငါတို့ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ယူနေတဲ့ လူတချို့ကို တွေ့ရတယ်။ဓာတ်ပုံရိုက်တဲ့
သူတွေကလည်း ငါတို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ
ရှိနေကြတယ်။ငါတို့ကို အကဲခတ်နေတဲ့သူတွေလည်း ရှိကြတယ်။အဲ့ဒီလူတွေက စျေးဝယ်သူတွေပဲ။သူတို့တွေ ဓာတ်ပုံယူတာတွေက အနှေးနဲ့အမြန် အင်တာနက်ပေါ်ကို ရောက်မှာပဲ။အဲ့ဒီအခါ
သူတို့ရေးချင်တာတွေ မရေးနိုင်အောင်လို့... မင်းက ငါ့ချစ်သူ ကြင်ရာတော်လောင်းလျာလို့ ပြောလိုက်တာပဲ။နောက်ပြီး လူတချို့ကိုလည်း မင်းက ငါ့မှာ ရွေးချယ်ထားတဲ့ ကြင်ရာတော်လောင်းလျာ
ရှိနေတယ်ဆိုတာကို စကားနဲ့ မဟုတ်ဘဲ... လက်တွေ့ အသိပေးချင်လို့ပဲ "ဒီပ, အသိပေးချင်တဲ့ လူတွေက စကားနဲ့ပြောရင်
တော်ရုံနဲ့ ယုံကြည်မည်မဟုတ်တဲ့ အမတ်ချုပ်ကြီးနဲ့ မိထွေးတော်မိဖုရာကြီးတို့ကို ပင်။လူတချို့ကို အသိပေးဖို့တဲ့လား။ဒါကို ငါက သာယာမိသွားတာပေါ့။
သတိနဲ့စိတ်ကိုယ် ကိုယ်မှာ အမြဲကပ်ထားစမ်းပါ
ခွန်းတေးအင်္လကာ။အိမ်ရှေ့စံမင်းသား က နင့်ကို
သူ့အတွက် အသုံးချဖို့... အခကြေးငွေနဲ့ ငှာထားတာ။နင်က အိမ်ရှေ့စံမင်းသားရဲ့ ကြင်ရာတော်လောင်းလျာအစစ် မဟုတ်ဘူး ခွန်းတေးအင်္လကာ။