၁၆ - ၂၀

674 57 4
                                    


စစ်ဧကရာဇ် (Chapter:16)
(အံအားသင့်ဖွယ် အဖြစ်အပျက်-၂)
.................................................
     အင်မော်တယ်အရိုးထွင်းကြေးမုံက အလိုအလျောက် အသက်ဝင်လာသည်။ ကြေးမုံမျက်နှာပြင်က လွန်စွာတောက်ပနေပြီး အင်မော်တယ်အငွေ့အသက်များ လွှမ်းခြုံ နေပုံရ၏။ ကြေးမုံကိုကြည့်ပြီး ယုဟီသည် အနည်းငယ်စိုးရိမ်နေမိသည်။

     အင်မော်တယ်အရိုးထွင်းကြေးမုံပေါ်တွင် လီကွမ်ရီ၏ရုပ်ပုံက တ​ဖြည်းဖြည်း​ ပေါ်လာသည်။ လီကွမ်ရီ၏ အသက်ဘီးက ကြေးမုံပေါ် ရှင်းရှင်းလင်းလင်း ထင်ဟပ်လာခဲ့၏။ သို့သော် သူ၏ကံစွမ်းအားက လုံးဝ ပေါ်လာခြင်းမရှိပေ။

     ယုဟီက ကြေးမုံကိုကြည့်ပြီး ကောက်ချက်ချလိုက်သည်။
     "သူ့ဆီမှာ သာမန်ကိုယ်ခန္ဓာ၊ သာမန်အသက်ဘီးနဲ့ သာမန်ကံစွမ်းအားပဲ ရှိတယ်၊ ဒါကြောင့် သူ့ရဲ့ ကံစွမ်းအားကို ဖွင့်ကြည့်လို့မရဘူး၊ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာရတနာပစ္စည်းမှ မဖွက်ထားပါဘူး"

     အင်မော်တယ်အရိုးထွင်း ကြေးမုံပေါ်တွင် လီကွမ်ရီ၏ရုပ်ခန္ဓာအားလုံးကို မြင်ရသည်။ ပစ္စည်းတစ်စုံတစ်ရာ ဝှက်ထားဖို့မဖြစ်နိုင်ပေ။

     နောက်ဆုံးတွင် ကာကွယ်စောင့်ရှောက်သူမိုက မေးလိုက်သည်။
     "အကိုယု၊ အကိုဟွာ၊ အခုကျေနပ်ကြပြီးလား"

     "ငါတို့ အားလုံးတောင်းပန်ပါတယ်"ယုဟီက ယောကျာ်းပီသစွာ တောင်းပန်လိုက်သည်။ သူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အားလုံးကိုပြောသည်။
     "လီကွမ်ရီက ငါတို့ကို ဘာမှမလိမ်ထားပါဘူး၊ သူ့မှာ ရတနာပစ္စည်းမရှိဘူး"

     ယုဟီ၏စကားကြောင့် အားလုံးမှာ ငြိမ်သက်ကုန်ကြသည်။ သို့သော် အလောင်းအစားလုပ်ထားသည့်အကြောင်းနှင့် ပတ်သက်ပြီး အားလုံးက တိတ်ဆိတ်နေကြ၏။ သာမန်သေမျိုးတစ်ယောက်က သစ်တော၏၁၄ဆင့်လုံး ကျော်ဖြတ်နိုင်ခဲ့တာကို သူတို့အားလုံးက လက်ခံနိုင်သေးပုံမရပေ။

     ရှုဟွေမှာ အဆိုးဆုံးဖြစ်၏။ သူက လက်ခံချင်သေးပုံမရဘဲ အတွန့်တက်လိုက်ပြန်သည်။
     "ဒါပေမယ့် တစ်ခုခုမှားနေတာပဲဖြစ်ရမယ်"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now