686 - 690

202 17 0
                                    


စစ်ဧကရာဇ်(Chapter:686)
(ကျစ်ယန်ရဲ့ တုန့်ဆိုင်းမှု)
......................................
" ငါက ရိုးသားတဲ့လူတွေကို နှစ်သက်တယ်၊ ဒီတော့ မြေအောက်ကို သွားပြီး သတင်းကောင်း ယူလာခဲ့ပါ၊ ငါ့ကို စိတ်ပျက်အောင် မလုပ်ပါနဲ့....."
လီကွမ်ရီက ထျဲရီကို ကြည့်ပြီး လေးလေးနက်နက် ပြောသည်။

ထျဲရီကလည်း သူ့ရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး လီကွမ်ရီကို အရိုအသေပြုသည်။ ပြီးနောက် လေးလေးစားစား ပြန်ပြောသည်။
" ကောင်းပြီ သခင်လေးလီ၊ သတင်းကောင်းကို စောင့်နေပါ......"
ထျဲရီက ပြောပြောဆိုဆိုနဲ့ မြေအောက်သို့ ကျင့်တစ်ခုတူးပြီး လျင်လျင်မြန်မြန် ပျောက်ကွယ်သွားတော့သည်။

နေ့လည်ခင်းအချိန်လောက်မှာတော့ ကျစ်ယန်က ခြံဝင်းအတွင်း ပြန်ရောက်လာခဲ့သည်။ ဤတွင် သူမက မြေပြင်ပေါ်ရှိနေတဲ့ ကျင်းပေါက်ကြီးတစ်ခုကို သတိပြုမိသွားသည်။ သူမက အနည်းငယ် အံ့အားသင့်သွားရပြီး လီကွမ်ရီကို လှည့်ကြည့်ကာ မေးဖို့ ပြင်လိုက်သည်။
" ဒါက....."

" ဘာမှမဟုတ်ပါဘူး၊ ကြွက်တစ်ကောင် ကျင်းတူးနေတာပါ၊ ထိတ်လန့်စရာ မလိုပါဘူး......."
လီကွမ်ရီက ကျစ်ယန်ကို ပြုံး၍ ပြန်ပြောသည်။ သို့သော် ကျစ်ယန်က စိုးရိမ်စိတ် မပြေသေးပေ။ သူမအနေနဲ့ ထင်းရှူးတောင်တန်းပေါ်  ကြီးမားတဲ့ ပြဿနာတစ်ခုခု ဖြစ်လာမှာကို တွေ့ပြီး ကြောက်လန့်နေမိသည်။

" ဘာမှ မဖြစ်ပါဘူး၊ စိတ်အေးအေးထားပါ...."
လီကွမ်ရီမှာ ကျစ်ယန်ရဲ့ စိုးရိမ်နေတဲ့ ဟန်ပန်ကို ကြည့်ပြီး မနေနိုင်တော့ပဲ နှစ်သိမ့်လိုက်ရသည်။
" ငါ့ကြောင့်မို့ မွေးနေ့ပွဲကို ဘာအနှောက်အယှက်မှ မဖြစ်စေရဘူး၊ အဲ့လောက်ထိ တွေးပူမနေပါနဲ့........"

ကျစ်ယန်က ခေါင်းတစ်ချက် ညိမ့်ပြပြီး ပြုံးသည်။ ခြံဝင်းအတွင်း ရှိနေတဲ့ ကျင်းနဲ့ ပတ်သက်ပြီး သူမက ဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။ ထိုစဉ် ကျစ်ယန်က လီကွမ်ရီရဲ့ နဘေးမှာ ညင်သာစွာ ထိုင်ချလိုက်သည်။ သူမထံမှ ထွက်ပေါ်နေတဲ့ မွေးကြိုင်တဲ့ ကိုယ်သင့်နံ့လေးက လီကွမ်ရီရဲ့ စိတ်အစဉ်ကို လန်းဆန်းသွားစေခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Donde viven las historias. Descúbrelo ahora