စစ်ဧကရာဇ်(Chapter:436)
....................................
(တစ္ဆေမြစ်)
...............
ချိုးရုန်ဝမ်ရွယ်အနေနဲ့ သင်္ချိုင်းဖွင့်တဲ့ သော့ကို ယခင်ကတည်းက ကြားဖူးထားပြီး ဖြစ်သည်။ ရှေးယခင်ကတည်းက သင်္ချိုင်းဖွင့်တဲ့ သော့ကို ကျင့်ကြံသူအများအပြားရှာဖွေခဲ့ဖူးပြီး တွေ့ရှိခဲ့တဲ့ ဦးရေမှာ လက်ငါးချောင်းခန့်ပင် မရှိချေ။ ယခုတော့ လီကွမ်ရီက သင်္ချိုင်းဖွင့်တဲ့သော့ကို ရှာဖွေနေသည်ဆို၍ ချိုးရုန်ဝမ်ရွယ်မှာ မအံ့ဩဘဲ မနေနိုင်တော့ချေ။ထိုစဉ် လီကွမ်ရီက ချိုးရုန်ဝမ်ရွယ်ရဲ့ နှုတ်ခမ်းဖူးဖူးလေးကို လက်နဲ့ ညှင်သာစွာ ပိတ်ရင်း ပြောသည်။
" ချိုးရုန်၊ မင်းရဲ့ တံတွေးတွေ ငါ့အပေါ် စီးကျလာပြီ၊ ဒါပေမယ့် မင်းအံ့ဩသွားတဲ့ ပုံစံလေးက အရမ်းချစ်စရာ ကောင်းတယ် "ချိုးရုန်းဝမ်ရွယ်မှာ သူမရဲ့ သတိလက်လွတ် အပြုအမူကြောင့် ရှက်ရွှံ့သွားရသည်။ သူမက ဟန်လုပ်ပြုံးလိုက်ပြီး လီကွမ်ရီကို ပြောသည်။
" သင်္ချိုင်းဖွင့်တဲ့ သော့က ပဉ္စဂံဝင်ပေါက်ထဲမှာ အရင်က ထွက်ပေါ်လာခဲ့ဖူးတယ် "လီကွမ်ရီက ခေါင်းညိမ့်လိုက်ပြီး ပြန်ပြောသည်။
" တိတိကျကျ ပြောရရင် သော့က ဒီနေရာမှာ ပေါ်ခဲ့ဖူးတာဘဲ "" ဟင်...ဒီနေရာမှာလား "
ချိုးရုန်ဝမ်ရွယ်က အံ့အားသင့်စွာ ပြန်မေးသည်။" မှန်တယ်၊ သော့က ဒီနေရာမှာ ပေါ်လာခဲ့ဖူးတယ်၊ ဒါပေမယ့် သိထားရမှာ တစ်ခုရှိတယ်၊ သင်္ချိုင်းဖွင့်တဲ့ သော့က ဘယ်တော့မှ နေရာအတည်တကျ ရှိမှာတော့ မဟုတ်ဘူး၊ သူက ထွက်ပေါ်ချင်တဲ့ နေရာမှာ ပေါ်လာနိုင်တယ် ၊ ဒီသော့ကို ရဖို့က ကံအရမ်းကောင်းဖို့လည်း လိုအပ်တယ် "
လီကွမ်ရီက ချိုးရုန်ဝမ်ရွယ်ကို ကြည့်ပြီး တစ်ခုချင်း ရှင်းပြသည်။" ဟင်...သခင်လေးလီက ဒီအကြောင်းတွေ ဘယ်လိုသိတာလဲ "
ချိုးရုန်ဝမ်ရွယ်မှာ အံ့အားသင့်စွာနဲ့ ပြန်မေးသည်။ သင်္ချိုင်းဖွင့်တဲ့ သော့အကြောင်းကို လီကွမ်ရီက ခရေစေ့တွင်းကျ သိနေဟန်ရသည်။ ဒါက မည်သို့ ဖြစ်နိုင်မည်နည်း.....။ သင်္ချိုင်းနယ်မြေရဲ့ ပြင်ပလူတွေ မပြောနဲ့ ဒီနယ်မြေမှာနေတဲ့ သရဲတွေပင် သင်္ချိုင်းဖွင့်တဲ့ သော့အကြောင်းကို မသိရှိကြပေ။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...