786 - 790

176 18 0
                                    

စစ်ဧကရာဇ်(Chapter:786)
(ဧကရာဇ်ရဲ့လှောင်အိမ်)
....................................
     "ဟမ်၊ ငါတို့က လိမ်ညာတာလား" အယ်လ်ခမီနိုင်ငံရဲ့ဘိူဘေးက ထျဲရီကို ကြည့်ပြီး ဆက်ပြောသည်။
     "မင်းက မဟူရာမြေခွေးပါ၊ လီကွမ်ရီကတော့ မင်းရဲ့နောက်ကွယ်မှာနေပြီး အမိန့်ပေးညွှန်ကြားနေသူလေ၊ သူက အမှောင်ထဲမှာရှိတဲ့ တရားခံတစ်ယောက်ပဲ"

     "သောက်ရေးမပါလိုက်တာ" ထျဲရီမှာ အလွန်အမင်း ဒေါသထွက်သွားရတော့သည်။ သူက အယ်လ်ခမီနိုင်ငံရဲ့ဘိုးဘေးကို ဒေါသတကြီး အော်ပြောသည်။
     "မင်းတို့ရဲ့အကြံအစည်ကို ငါမသိဘူးများ ထင်နေတာလား၊ ကောင်းပြီ ... မင်းတို့ မကျေနပ်ဘူးဆိုရင် ငါနဲ့ တိုက်ရိုက်ဖြေရှင်းနိုင်တယ်၊ သခင်လေးလီကို ဆွဲထည့်မနေနဲ့"

     အယ်လ်ခမီနိုင်ငံရဲ့ဘိုးဘေးက ထျဲရီကို ပြုံး၍ ကြည့်သည်။
     "မင်းက သခင်အပေါ် တကယ်ပဲ သစ္စာရှိတဲ့အတွက် ငါလေးစားပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် မင်းက လီကွမ်ရီရဲ့ကျွန်တစ်ယောက်ပါ၊ ဖောက်ထွင်းမှုတွေရဲ့နောက်ကွယ်မှာ လီကွမ်ရီရှိနေတဲ့အတွက် သူလည်း အပြစ်ရှိတယ်"

     ကျင့်ကြံသူအများအပြားမှာ အယ်လ်ခမီနိုင်ငံ ဘိုးဘေးရဲ့စကားကြောင့် သက်ပြင်းချလိုက်မိကြသည်။ ထျဲရီကို မဟူရာမြေခွေးဟု စွပ်စွဲခဲ့သည့်အပြင် ထျဲရီနောက်ကွယ်၌ အဓိက ညွှန်ကြားသူမှာ လီကွမ်ရီဟု ဆိုလာခဲ့သည်။ ဒါက လီကွမ်ရီကို ဆေးကျောက်တုန်းကမ္ဘာကြီးတစ်ခုလုံးနဲ့ ရန်တိုက်ပေးလိုက်ခြင်း ဖြစ်သည်။

     လက်ရှိအချိန်တွင် အယ်လ်ခမီနိုင်ငံကို ကြည့်ရသည်မှာ မဟူရာမြွေခွေး မည်သူမည်ဝါ ဆိုတာက အရေးကြီးပုံမရပေ။ သူတို့လိုချင်သည်မှာ လီကွမ်ရီအပေါ် အပြစ်ကြီးကြီးတစ်ခု ပုံချနိုင်ဖို့သာ ဖြစ်သည်။ ဒါကြောင့်လည်း သက်သေအပြည့်အစုံမရှိဘဲနဲ့ လီကွမ်ရီကို စွပ်စွဲလိုက်ကြခြင်း ဖြစ်သည်။

     "ဒါဆို ထျဲရီက မဟူရာမြေခွေးဆိုတာကို အသေအချာ ပြောနိုင်ပြီပေါ့"
     လီကွမ်ရီက သူ့အရှေ့မှ ဘိုးဘေးကို ပြုံး၍ ပြောသည်။ သူက ‌အယ်လ်ခနီနိုင်ငံရဲ့လုပ်ရပ်အတွက် တုန်လှုပ်ခြင်း မရှိသလို ဒေါသထွက်ဟန်လည်း မပြပေ။ ထိုအစား တဘ်တည်ငြိမ်ငြိမ်သာ ရှိနေခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now