စစ္ဧကရာဇ္ (Chapter:41)
..................................
( မင်းသမီးက ဓားကိုင်အဆင့်ဘဲ ရမှာလား ၁)
........................................................
ဒီမြင်ကွင်းကြည့်ပြီး အကြီးအကဲတွေအပါအဝင် ရှိသမျှလူ အားလုံးက မူးမေ့သတိလစ်တော့မလို ဖြစ်သွားကြသည်။ ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းမှ အကြီးအကဲ အားလုံးမှာ သူရဲကောင်းအဆင့်သာ ရှိကြသေးသည်။ကာကွယ်စောင့်ရှောက်သူ ယုဟီက သူတော်စင်နတ်ဆိုးကိုးပါးဂိတ်ဂိုဏ်းထဲတွင် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး စွမ်းအားမြင့်နိုဗယ်လ်တစ်ယောက်လည်း ဖြစ်သည်။ ဒါကြောင့် ယုဟီရဲ့ အရှေ့တွင် အကြီးအကဲတွေက ကျားရှေ့ရောက်နေတဲ့ ယုန်သူငယ်လေးတွေလို ဖြစ်နေကြသည်။ ယုဟီနဲ့ ယှဉ်လိုက်လျှင် သူတို့ရဲ့ အဆင့်တွေက လွန်စွာနိမ့်ကျသွားရသည်။
ယုဟီက အကြီးအကဲတွေနဲ့ စကားမပြောဘဲ လီကွမ်ရီကို လေးလေးစားစားနှုတ်ဆက်နေသည်။ ရှိသမျှလူတွေအားလုံးမှာ သူတို့အမြင်မှားတာလားဟုပင် ထင်လိုက်မိကြသည်။ ဒါ့အပြင် ယုဟီက နတ်ဆိုးဘုရင်လွန်းရီရဲ့ အမှာစကားကို လီကွမ်ရီအတွက်ယူလာခဲ့သေးသည်။ နတ်ဆိုးဘုရင်လွန်းရီက လီကွမ်ရီကို အလည်အပတ်လာဖို့ပင် ဖိတ်လိုက်သေးသည်။ ဒီအဖြစ်အပျက်တွေကိုကြည့်ပြီး တပည့်များသာမက အကြီးအကဲအားလုံးနဲ့ ကာကွယ်စောင့်ရှောက်သူတွေပါ အံသြတုန်လှုပ်ကုန်ကြတော့သည်။
နတ်ဆိုးဘုရင်လွန်းရီဆိုတာက အလယ်ပိုင်းနယ်မြေတစ်ခုလုံးမှာ စွမ်းအားအကြီးဆုံးလူတစ်ယောက်ဖြစ်သည်။ သူ့ရဲ့စွမ်းအားအဆင့်ကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။ နတ်ဆိုးဘုရင်လွန်းရီက လီကွမ်ရီကို တွေ့ချင်တာတဲ့လား။ ဒါက ဖြစ်နိုင်ပါ့မလား။ အကြီးအကဲ၆ယောက်လုံးမှာ အံသြပြီးရင်း အံသြနေကြတော့သည်။
ဂိုဏ်းအတွင်းမှ တပည့်အားလုံးကလည်း သူတို့တွေအိမ်မက်မက်နေတာလားဟုပင် ထင်မိလိုက်ကြသည်။ သူတို့အားလုံးက အခုချိန်ထိ မတုန်မလှုပ်ကျောက်ရုပ်တွေအလား ရပ်နေကြသည်။ ထိုအချိန်မှာ အားလုံးက သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ လီကွမ်ရီက သူ့ရဲ့လက်ကို လီရှောင်းရန်ဆီ ကမ်းပေးလိုက်သည်။ လီရှောင်းရန်ကလည်း လီကွမ်ရီကို အနည်းငယ်စိုက်ကြည့်လိုက်သည်။ ပြီးနောက် သူမက သိမ်မွေ့စွာပြုံးလိုက်ပြီး လီကွမ်ရီရဲ့ လက်ကိုကိုင်လိုက်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...