စစ်ဧကရာဇ်(Chapter:976)
(သဘောတူညီမှု)
.......................
အချိန်အနည်းငယ် ကြာသွားခဲ့သည်။ နောက်ဆုံး၌ သွေးမိစ္ဆာနွားရိုင်းက စိတ်ရှုပ်ထွေးနေရာမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ သူက လီကွမ်ရီကို ကြည့်လိုက်ပြီး ...
"မြင့်မြတ်တဲ့ အရှင်ကျီးကန်း၊ ငါ့ညံ့ဖျင်းမှုကြောင့် အရှင့်ကို သတိမပြုမိခဲ့ပါဘူး ... ဒီနေ့ အရှင့်ကို တွေ့ရတာဂုဏ်ယူမိပါတယ် ... ဒါနဲ့ အရှင်က မျိုးဆက်တစ်ခုလောက် ပျောက်နေခဲ့တာလား ..."သွေးမိစ္ဆာနွားရိုင်းသည် မယုံနိုင်ဖွယ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သွေးမျိုးနွယ်အင်မော်တယ်ဧကရာဇ်တွေပင် သူ့ထက်ဝါစဥ်နိမ့်သည်။ သို့သော် လီကွမ်ရီနှင့် ယှဉ်လိုက်လျှင်တော့ ကလေးတစ်ယောက်သာ ဖြစ်ပေသည်။
"ဟုတ်တယ်၊ မျိုးဆက်တစ်ခုလောက် ပျောက်နေခဲ့တာ ..."လီကွမ်ရီက ခေါင်းကိုခါယမ်းလိုက်ပြီး ဆက်ပြောသည်။
"တစ်ခါတလေမှာ လူများစွာအတွက် ပျောက်နေရတာပေါ့ကွာ ..."သွေးမိစ္ဆာနွားရိုင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ပြီးမှ ...
"ဒီလိုအချိန်မှာ အရှင့်ကို တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး ... အရှင့်အကြောင်းကို ကြားဖူးတာတော့ ကြာပါပြီ၊ ပြီးတော့ ငါတို့ဘိုးဘေးရဲ့အမွေအနှစ်ကို ရယူလိမ့်မယ်လို့ မထင်ထားဘူး ...""ဒီအမွေအနှစ်က အံ့အားသင့်ဖို့ကောင်းပါတယ် ... ဒါပေမယ့် ငါ့ကို စွဲဆောင်နိုင်ဖို့တော့ မလုံလောက်သေးပါဘူး ..."လီကွမ်ရီက ခေါင်းခါယမ်းရင်း ဆက်ပြောသည်။
"ငါ့ကံကြမ္မာက ဒီအမွေအနှစ်ဆီကို အရောက်ပို့ခဲ့တယ်လေ ... မထင်မှတ်ဘဲ ရခဲ့တာပါ ..."သွေးမိစ္ဆာနွားရိုင်းမှာ ဘာမှပြန်မပြောနိုင်ပေ။ ကျီးကန်းနက်နှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာကို သူကြားဖူးသည်။ ကျီးကန်းနက်ကို ဆွဲဆောင်နိုင်သော ရတနာဆိုသည်က ကမ္ဘာကိုးခုလုံး၌ပင် အနည်းအကျဉ်းသာ ရှိသည်။
ထိုစဉ် လီကွမ်ရီက ခေါင်းတလားကိုကြည့်ပြီး ဆက်ပြောသည်။
"အခုဆို မင်းတို့ရဲ့အမွေအနှစ်ကို ယူပြီးပြီမို့ လိုအပ်ရင် သွေးမျိုးနွယ်အတွက် နည်းနည်းတော့ ကူညီပေးနိုင်ပါတယ် ..."
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...