စစ္ဧကရာဇ္ (Chapter:76)
..................................
( စစ်သည်ရဲမက်တွေ ရောက်ရှိလာခြင်း ၂)
....................................................
" ပထမအကြီးအကဲဂူ တော့ ဒုက္ခတွေ့တော့မှာဘဲ၊ လန်ချန်းဟိုသာ ဒီကျင့်စဉ်ရဲ့ ဆယ်ရာခိုင်နှုန်းလောက်ဘဲ တတ်ရင်တောင် အကြီးအကဲဂူကတော့ သေပြီဘဲ "
မြေပြင်ပေါ် ကြည့်ရှုနေကြတဲ့ ကျင့်ကြံသူအများစုမှာ အကြီးအကဲဂူ အတွက် ထိတ်လန့်စွာ တွေးမိနေကြသည်။ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်းရဲ့ အဓိက တောင်ထိပ်ကနေ ကြည့်နေကြတဲ့ အကြီးအကဲလေးယောက်မှာလည်း ပထမအကြီးအကဲ ကြုံတွေ့နေရတဲ့ ပြဿ နာကို စဉ်းစားမိပြီး တုန်လှုပ်သွားကြသည်။ သူတို့အားလုံးရဲ့ မျက်နှာတွေက သွေးဆုတ်ဖြူ ရော်သွားပြီး ရှေ့ဟောင်းသန့်ရှင်းနယ်မြေဂိုဏ်း ကြုံတွေ့ရတော့မယ့် ဆိုးကြိုးတွေကို ခံစားမိလိုက်ကြသည်။
သို့သော် လူတိုင်းစိုးရိမ်နေသလောက် ပထမအကြီးအကဲကို သတ်ဖြတ်ဖို့ မလွယ်ကူပေ။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက ၃ရက်နဲ့ ၃ည ကြာမြင့်ခဲ့သည်အထိ မည်သူမှ အနိုင်မယူနိုင်ခဲ့ကြပေ။ လန်ချန်းဟိုက နေတောင်တန်းနဲ့ မြစ်ဝင်္ကပါ ကျင့်စဉ်ကို အသုံးပြု ပထမအကြီးအကဲကို ဝင်္ကပါထဲမှာ ပိတ်ပြီး သတ်ပစ်ရန် ကြိုးစားပေမယ့် ပထမအကြီးအကဲကလည်း ခွန်ပန်၆ဖော် ပြောင်းလဲခြင်း ကျင့်စဉ်ကို အသုံးပြု ပြီး ဝင်္ကပါထဲမှ လွတ်မြောက်အောက် ရုန်းထွက်ခဲ့သည်ချည်းသာ ဖြစ်သည်။
" အကြီးအကဲဂူက သူ့ရဲ့ စွမ်းအားအဆင့်ကို လျိ ု့ဝှက်ထားတာဘဲ၊ ငါက သူ့ကို သူရဲကောင်းအဆင့်လို့ ထင်နေတာ၊ လက်စသတ်တော့ သူက နိလ်ဘယ်တစ်ယောက်ဖြစ်နေပါလား "
တိုက်ပွဲကို ကြည့်ရှုနေတဲ့ ကျင့်ကြံသူ တစ်ယောက်က တအံ့တသြ ပြောလိုက်သည်။တိုက်ပွဲက ၅ရက်နဲ့ ၅ည ကြာမြင့်သွားပြီး သူတို့နှစ်ယောက်မှာ တစ်ဦးကို တစ်ဦး အနိုင်မယူနိုင်သေးဘဲ ဖြစ်နေကြသည်။ သူတို့နှစ်ယောက်လုံးမှာ အနည်းငယ် မောပန်းနေကြပေမယ့် အခုချိန်ထိ တိုက်ပွဲကို ရပ်တန့်လိုက်ကြဖို့ အစီအစဉ်ရှိသေးပုံ မရချေ ။ ကျန်တဲ့အကြီးအကဲတွေ စုပေါင်းပြီး တိုက်ခိုက်ရင်တောင်မှ အရှုံးအနိုင် ပေါ်သေးမည့်ဟန် မရှိချေ ။
ESTÁS LEYENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...