931 - 935

166 10 0
                                    

စစ်ဧကရာဇ်(Chapter:931)
(လျှို့ဝှက်ချက်အတွင်းမှ နောက်ထပ်လျှို့ဝှက်ချက်)
.............................................................................
     လီကွမ်ရီက ရီချွမ်ကို ပြန်ပြုံးပြလိုက်သည်။
     "ဟုတ်တယ်၊ သဲကန္တာရကို ဖြတ်ပြီး လေ့ကျင့်နေတာလေ၊ ဒါက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ပိုပြီး သန်စွမ်းလာမလားလို့ပါ ..."

     "ဟမ် ... ကျင့်ကြံခြင်းမှာ ဘယ်အရာက ပိုအရေးကြီးတာလဲ၊ မင်းရဲ့ တာအိုအုတ်မြစ် သန့်စင်ဖို့က ပိုအရေးကြီးတာ မဟုတ်ဘူးလား၊ တကယ်လို့ မင်းရဲ့ခန္ဓာကိုယ်က အားကောင်းလာတယ်ဆိုရင်တောင် ရတနာလက်နက်တွေထက် ပိုပြီး မာကြောနိုင်ပါ့မလား"ချက်ချင်းလိုလိုပင် အားပေါင်းက လီကွမ်ရီကို လှောင်ပြောင်လိုက်ပြန်သည်။

     လီကွမ်ရီက အားပေါင်းကို ပြုံး၍ ကြည့်သည်။
     "အသားနာကျင်တဲ့ ဒဏ်ကို ခံနိုင်ရည်ရှိရင် လူတွေရဲ့ စိတ်ဓာတ်က ပိုပြီး သန်မာလာလိမ့်မယ်၊ အဲ့ဒီနာကျင်မှုလေးတောင် မခံနိုင်ရင် တာအိုနှလုံး သန်မာဖို့ဆိုတာက မဖြစ်နိုင်တော့ဘူး၊ တာအိုနှလုံးသား သန်မာအောင်လုပ်ဖို့က ကျင့်ကြံခြင်းရဲ့ အခြေခံတစ်ခုပါ၊ တကယ်လို့ အသားနာကျင်တာတောင် ခံနိုင်ရည် မရှိဘူးဆိုရင်တော့ တာအိုနှလုံးသားအကြောင်းကို ပြောနေစရာ မလိုတော့ပါဘူး"

     ရီချွမ်မှာ လီကွမ်ရီ၏ စကားကြောင့် အထင်ကြီးလေးစားစိတ်တွေ ဖြစ်ပေါ်လာရတော့၏။
     "မိတ်ဆွေလူငယ်လေး ... မင်းက နာမည်ကျော် အဖွဲ့အစည်း တစ်ခုခုက ထင်တယ်၊ အသက်ငယ်သေးပေမယ့် ဉာဏ်ရည် ထက္မြက်တယ်၊ မင်းပြောတာ မှန်တယ်၊ တာအိုနှလုံး သန်မာဖို့က ကျင့်ကြံခြင်းရဲ့ တကယ့် အခြေခံတစ်ခုပဲ"

     ရီချွမ်က သူ့အနောက္မှာ ရှိနေသည့် လူငယ်တွေကို ကြည့်ပြီး ဆက်ပြောသည်။
     "မင်းတို့တွေ ဒီသူငယ်လေးဆီကနေ သင်ယူဖို့လိုတယ်၊ လေ့ကျင့်တဲ့ပုံစံက အမျိုးမျိုးရှိတယ်လေ၊ ခန္ဓာကိုယ်ကို လေ့ကျင့်တာကလည်း လေ့ကျင့်နည်းတစ်မျိုးပါပဲ"

     တပည့်အားလုံးမှာ တိတ်ဆိတ်သွားကြရ၏။ သူတို့အားလုံးက လီကွမ်ရီကို အထင်သေးထားခဲ့ကြသည်။ သို့သော် ရီချွမ်၏ မှတ်ချက်အပေါ်တော့ မည်သည့် ထင်မြင်ချက္မျိုးမှ မပေးဝံ့ကြပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now