461 - 465

256 16 0
                                    

Chapter:461
(အင်းဆက်ဂိုဏ်းရဲ့မင်းသား)

     ကျင့်ကြံသူအများအပြားက နီးစပ်ရာလူတွေနဲ့ မဟာမိတ်အဖွဲ့တွေ စတင်ဖွဲ့စည်းထားကြသည်။ အသူရာလုလင်၊ အင်းဆက်ဂိုဏ်းမင်းသားတို့ကလည်း အင်းအားကြီးမားသူတွေနဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြ၍ တစ်ဖွဲ့ထဲ ရှိခြင်းမှာ သိပ်ပြီး မထူးဆန်းလှပေ။ နှစ်ယောက်လုံးက ဧကရာဇ်အဆင့်ဂိုဏ်းတွေမှ ဖြစ်ကြပြီး ကောင်းကင်ဘုံကမ္ဘာမှာ နာမည်ကျော်ကြားသူတွေ ဖြစ်ကြသည်။ ထူးဆန်းသည်မှာ အခြားနာမည်ကျော်တွေပါ သူတို့နဲ့ တစ်ဖွဲ့ထဲ ဖြစ်နေခြင်း ဖြစ်သည်။

     မကြာသေးခက်အချိန်က လီကွမ်ရီတစ်ယောက်ထဲနဲ့ ယဲ့ရှာ၊မို့လီတောက်တို့ကို သတ်ဖြတ်ခဲ့သည်။ ထိုသတင်းက အားလုံးကို တုန်လှုပ်သွားစေပြီး လီကွမ်ရီရဲ့ စွမ်းအားကို ကျင့်ကြံသူတိုင်း အသိအမှတ်ပြုခဲ့သည်။ ဒါကြောင့်လည်း ရာပြည့်ဂိုဏ်းရဲ့ မင်းသားက လီကွမ်ရီကို အဖွဲ့ထဲပါရန် လာရောက်စည်းရုံးခြင်း ဖြစ်သည်။

     လီကွမ်ရီက ရာပြည့်ဂိုဏ်းရဲ့မင်းသားကို ပြုံး၍ ပြန်ပြောသည်။
"ဖိတ်ခေါ်ပေးလို့ ကျေးဇူးပါ၊ ဒါပေမယ့် ငါတစ်ယောက်ထဲ လုပ်ရှားချင်တယ်"

     "မိတ်ဆွေလီ၊ အဘယ်အရာမဆို တစ်ယောက်ထဲ လုပ်ရတာက အရမ်းခက်ခဲပါတယ်၊ ဒါပေမယ့် စုပေါင်းအင်အားနဲ့ဆို အောင်မြင်ဖို့ ပိုလွယ်တယ်လေ၊ အခု ငါတို့အဖွဲ့ထဲမှာ ပညာရှင်တွေ အများကြီး ရှိနေပြီ၊ မိတ်ဆွေလီက ဘာလို့ ငြင်းဆန်ချင်ရတာလဲ၊ အားလုံးပူးပေါင်းပြီးမှ အကျိုးကျေးဇူးတွေ ရယူကြမယ်လေ"
ရာပြည့်ဂိုဏ်းမင်းသားက အလျှော့မပေးဘဲ ပြန်ပြောသည်။ သူ့ရဲ့ ပုံစံအရ လီကွမ်ရီကို မဟာမိတ်အဖွဲ့ထဲ အလွန်အမင်း ပါဝင်စေချင်နေဟန် ရသည်။

     လီကွမ်ရီက ရာပြည့်ဂိုဏ်းမင်းသားကို ကြည့်ပြီး ပျင်းရိလေးတွဲ့စွာ ပြန်ပြောသည်။
"ပင်လယ်ကို ဖြတ်ဖို့ အခြားသူတွေအတွက် ခက်ခဲကောင်း ခက်ခဲလိမ့်မယ်၊  ငါ့အတွက်တော့ မတူဘူး၊ ငါက အလွယ်တကူ ဖြတ်ကျော်နိုင်စွမ်း ရှိတယ်"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Nơi câu chuyện tồn tại. Hãy khám phá bây giờ