စစ်ဧကရာဇ်(Chapter:626)
(ဝင့်ကြွားတဲ့မိန်းကလေးနဲ့ ပြန်တွေ့)လူငယ်က ပိုင်ဝမ်ကို အထင်သေးစွာ ကြည့်လိုက်သည်။ သူက ဝင့်ကြွားစွာ ပြုံးလိုက်ရင်း ပိုင်ဝမ်ကို အထင်အမြင်သေးစွာ ပြောသည်။
"အစေခံက အစေခံလိုပဲ နေသင့်တယ်၊ အဲ့ဒီလိုမဟုတ်ပဲ ဘောင်ကျော်လာပြီဆိုရင်တော့ ငါက အစေခံကို ရိုက်နှက်ပေးရတော့မှာပေါ့လေ၊ လောလောဆယ် ငါ့မှာ မင်းရဲ့သခင်အကောင်းစားကြီးကို ပြောစရာအချို့ရှိသေးတယ်"ပိုင်ဝမ်မှာ လူငယ်ကို ကြည့်ပြီး အလွန်အမင်း စိတ်ပျက်သွားရသည်။ သူအစိုးရိမ်ဆုံးမှာ ယခုကိစ္စကြောင့် လီကွမ်ရီ စိတ်အနှောက်အယှက်ဖြစ်သွားမှာကို ဖြစ်သည်။ လီကွမ်ရီက ဝါးဘီလူးနိုင်ငံတစ်ခုလုံးရဲ့မျှော်လင့်ချက် မဟုတ်ပါလား။ သို့သော် အခြားတစ်ဖက်တွင် လူငယ်ရဲ့အဆင့်အတန်းကလည်း သူလွန်ဆန်လို့ မရတဲ့ အခြေအနေတစ်ခုမှာ ရှိနေခဲ့သည်။ ပိုင်ဝမ်မှာ ဘေးကျပ်နံကျပ်တွေ ဖြစ်နေရပြီး လူငယ်ကို တိုးညင်းစွာ ပြန်ပြောသည်။
"သခင်လေးလိုင်ကျဲ၊ ဒီနေရာက ထင်းရှူးနတ်ဆိုးဘုရင် ပိုင်တဲ့ နေရာတစ်ခုပါ၊ မင့်ဆီမှာ ပြောစရာအချို့ရှိရင် ထင်းရှူးနတ်ဆိုးဘုရင်ကို တိုက်ရိုက်သွားပြောနိုင်ပါတယ်၊ ကျေးဇူးပြုပြီး သခင်လေးလီကို မနှောက်ယှက်ပါနဲ့"ပိုင်ဝမ်က ပြောပြောဆိုဆိုနဲ့ လက်ကို ဝေ့ရမ်းပြီး အချက်ပြလိုက်သည်။ ချက်ချင်းပင် အိမ်တော်အတွင်းမှ ထင်းရှူးနတ်ဆိုးဘုရင်ရဲ တပည့်အချို့ ထွက်လာပြီး လူငယ်အုပ်စုကို ဝိုင်းရံလိုက်ကြသည်။ သူတို့ရဲ့ခန္ဓာကိုယ်မှ အေးစက်တဲ့ အော်ရာတွေကို ထုတ်ဖော်ထားကြသည်။
ထင်းရှူးနတ်ဆိုးဘုရင်ရဲ့အကြီးဆုံးတပည့်က လူငယ်ကို ကြည့်ပြီး ပြောသည်။
"သခင်လေး လိုင်ကျဲ၊ ကျေးဇူးပြုပြီး ပြန်သွားပါ၊ ဒီထက် စိတ်ပျက်စရာကောင်းတဲ့ အပြုအမူတွေ ကျူးလွန်မယ်ဆိုရင်တော့ ငါတို့ကို အပြစ်မတင်နဲ့တော့"လူငယ်မှာ သူ့ကို ဝိုင်းရံထားတဲ့ အဖွဲ့ကို ကြည့်ပြီး မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားရတော့သည်။ သူ့အနေနဲ့ ပိုင်ဝမ်လိုလူကို ဂရုစိုက်စရာ မလိုသည်မှာ မှန်သည်။ သို့သော် ယခုက ထင်းရှူးနတ်ဆိုးဘုရင်ရဲ့အကြီးဆုံးတပည့် ဖြစ်နေသည် မဟုတ်ပါလား။ သူ့ရဲ့အဆင့်အတန်းက မြင့်မားသည်မှန်သော်လည်း ထင်းရှူးနတ်ဆိုးဘုရင်ကိုတော့ မလေးမခန့် လုပ်လို့မရပေ။ လူငယ်က သက်ပြင်းရှည်ကြီးချရင်း လီကွမ်ရီကို ကြည့်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...