746 - 750

171 15 0
                                    


စစ်ဧကရာဇ်(Chapter:746)
(ရိုက်နှက်ခြင်း)
...............................
"တိုက်ပွဲတစ်ခု စတော့မယ်"
ကျင့်ကြံသူအများအပြားက လီကွမ်ရီနဲ့ ဖေးယွီတို့ရဲ့အခြေအနေကိုကြည့်ပြီး မှတ်ချက်ချလိုက်သည်။ စောင့်ကြည့်နေသူအဖွဲ့ထဲမှ အချို့မှာ လီကွမ်ရီကို ဖေးယွီက သတ်ဖြတ်လိုက်တဲ့ မြင်ကွင်းအား မြင်တွေ့ချင်နေကြသည်။ သူတို့ရဲ့ စိတ်ထဲတွင် ဖေးယွီအနိုင်ရပါစေဟု တိတ်တဆိတ် ဆုတောင်းနေမိကြသည်။

လီကွမ်ရီမှာမူ ဖေးယွီကို ပျင်းရိလေးတွဲ့စွာ ကြည့်လိုက်သည်။
"လီကွမ်ရီဆိုတဲ့နာမည်နဲ့ ငါတစ်ယောက်ပဲရှိတယ်"

"မင်းသေဖို့အချိန် သိပ်မလိုတော့ပါဘူး ..."
ဖေးယွီက လီကွမ်ရီကို အေးစက်စွာ ပြောပြီးမှ ယွမ်ချိုက်ဟယ်ကို ကြည့်ကာ ဆက်ပြောသည်။
"ညီမလေးယွမ်၊ သိပ်မကြာအချိန်ဆိုရင် ဒီနေရာက အလောင်းတွေပဲ ကျန်ရှိတော့မယ်၊ သူနဲ့အတူနေရင် မင်းအတွက် လုံခြုံမှာ မဟုတ်ဘူး၊ ငါနဲ့လိုက်ခဲ့ပါ ..."

ယွမ်ချိုက်ဟယ် ဘာမှမပြောသေးခင်မှာပင် လီကွမ်ရီက လက်ကိုခါရမ်းရင်း အေးစက်စွာ ပြောလိုက်သည်။
"ချိုက်ဟယ်က မင်းနဲ့လိုက်ခဲ့မှာမဟုတ်ဘူး၊ သူက ငါနဲ့အတူ ရှိနေလိမ့်မယ်၊ ငါတို့ကို မနှောက်ယှက်ဘဲ အခုချက်ချင်း ထွက်သွားတော့ ..."

ဖေးယွီမှာ လီကွမ်ရီရဲ့ စကားကြောင့် မျက်နှာတစ်ခုလုံး နက်မှောင်သွားရသည်။ ချက်ချင်းပင် သူ့ထံမှ သတ်ဖြတ်ချင်တဲ့အငွေ့အသက်တွေ ဖြာထွက်လာခဲ့သည်။ ပြီးမှ လီကွမ်ရီကို ကြည့်ပြီး အေးစက်စွာ ပြောသည်။
"နဂါးပင်လယ်ကလန်ကို အပြစ်ပြုထားတာတစ်ခုနဲ့တင် မင်းကို ငါသတ်ပစ်သင့်နေပြီ၊ ဒါပေမယ့် လောလောဆယ် မင်းကို သတ်ချင်သူတစ်ယောက် ရှိနေတယ်၊ ဒါကြောင့် မင်းကို တစ်ရက်နှစ်ရက်လောက်တော့ အသက်ရှင်ခွင့် ပေးထားဦးမယ် ..."

ဖေးယွီရဲ့ စကားအသွားအလာအရ လီကွမ်ရီကို လုပ်ကြံလိုသူတွေရဲ့ သတင်းအချို့ရရှိထားမှန်း သိသာပေသည်။ ဒါကြောင့်လည်း ယွမ်ချိုက်ဟယ်အန္တရာယ်ဖြစ်မှာကို စိုးရိမ်ပြီး အလောတကြီး လာခေါ်ခြင်း ဖြစ်ဟန်တူသည်။

စောင့်ကြည့်နေသူအများအပြားမှာမူ ဖေးယွီရဲ့စကားကြောင့် အားမလိုအားမရ ဖြစ်သွားကြရသည်။ ဒီမတိုင်ခင် သူတို့အားလုံးထင်ထားသည်မှာ ဖေးယွီက လီကွမ်ရီကို နဂါးပင်လယ်ကလန်အတွက် လက်စားချေသတ်ဖြတ်မည်ဟု ဖြစ်သည်။ သို့သော် လက်တွေ့မှာတော့ ဖေးယွီက ထိုသို့ မလုပ်ခဲ့ပေ။ အားလုံးမှာ သူတို့ရဲ့ အထင်နဲ့အမြင် လွဲသွား၍ စိတ်ပျက်သွားရတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now