676 - 680

169 18 0
                                    

စစ်ဧကရာဇ်(Chapter:676)
(နွားရိုင်းဘုရင်)
.......................
နွားရိုင်းက လီကွမ်ရီအရှေ့မှာ ရပ်ပြီး အေးစက်စွာ ကြည့်သည်။ သို့သော် သူက စတင်တိုက်ခိုက်ခြင်းတော့ မရှိသေးပေ။

" ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့....."
ထိုစဉ် လီကွမ်ရီက နွားရိုင်းကို ပြုံး၍ ပြောလိုက်သည်။ တစ်ဆက်ထဲမှာ သူ့ရဲ့ လက်တစ်ဖက်ကို နွားရိုင်းရဲ့ နဖူးပေါ်သို့ တင်လိုက်သည်။ ချက်ချင်းလိုလိုပင် သူ့ရဲ့ နဖူးအထက်မှာလည်း မှတ်ညဏ်ပင်လယ်တစ်ခု ပေါ်လာပြီး နွားရိုင်းရဲ့ နဖူးထဲကို အလင်းတန်းတွေအဖြစ် ဝင်ရောက်သွားခဲ့သည်။

ထူးဆန်းတဲ့ အလင်းတန်းလေးတွေက နွားရိုင်းရဲ့ ဦးခေါင်းအတွင်း လျင်မြန်စွာ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်ထဲမှာ လွန်စွာ သန့်ရှင်းစင်ကြယ်လှတဲ့ ရောင်ခြည်စက်ဝန်းတစ်ခုက နွားရိုင်းရဲ့ ဦးခေါင်းထက်မှာ ပေါ်လာခဲ့သည်။ ၎င်းက လွန်စွာ သန့်ရှင်းတဲ့ အငွေ့အသက်တွေကို ပိုင်ဆိုင်ထားသည့်အပြင် နတ်ဘုရားတွေကိုပင် တွန်းလှန်တိုက်ထုတ်နိုင်တဲ့ အစွမ်းသတ္တမျိုးကိုလည်း ထုတ်ဖော်ပြသနေခဲ့သည်။

" မှတ်ညဏ်တွေကို သေသေချာချာ ပြန်စစ်ဆေးကြည့်ပါ၊ မင်းနဲ့ ငါက အချိန်အကြာကြီး ခွဲခွာခဲ့ရပေမယ့် အခုချိန်ထိ အသက်ရှင်နေကြတုန်းပဲလေ......"
ထိုစဉ် လီကွမ်ရီက သူ့အရှေ့မှာ ရှိနေတဲ့ နွားရိုင်းကို ပြုံး၍ ပြောလိုက်သည်။

ချက်ချင်းပင် နွားရိုင်းရဲ့ ခက်ထန်တဲ့ အမူအယာတွေအားလုံး ပျောက်ကွယ်သွားခဲ့ပြီး လိမ္မာတဲ့ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အလား ဖြစ်သွားရသည်။ တစ်ချိန်ထဲမှာ သူက ပျောက်ဆုံးနေတဲ့ သခင်ကို တွေ့လိုက်ရသည့်အလား လီကွမ်ရီကို သူ့ရဲ့ ဦးခေါင်းနဲ့ ညင်သာစွာ ပွတ်သပ်နေလိုက်တော့သည်။

လီကွမ်ရီက နွားရိုင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ပြီးနောက် တိုးညှင်းစွာ ပြန်ပြောသည်။
" ကောင်းကင်တောင်တန်း ကျောင်းတော်ရဲ့ အဖွဲ့အစည်းတွေအားလုံး ပျက်စီးသွားခဲ့ပြီ၊ အချိန်တွေလည်း အများကြီးကုန်သွားခဲ့ပြီ၊ ဒီတော့ နတ်ဘုရားသခင်နဲ့ ငါ့ရဲ့ကြားက ကတိစကားလည်း ပြီးဆုံးသွားပြီ......"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now