796 - 800

236 14 0
                                    


စစ်ဧကရာဇ်(Chapter:796)
(ခွဲခွာခြင်း)
.................
     "ခြောက်သွေ့တဲ့ ဂိုလမ်လွင်ပြင်လား"ကျစ်ယန်မှာ အလွန်အမင်း တုန်လှုပ်သွားရသည်။
     "ဆရာသခင်၊ အဲ့ဒီနေရာကို တကယ်သွားမလို့လား"

     "ဒါပေါ့၊ အဲ့ဒီနေရာမှာ ငါစစ်ဆေးစရာ အချို့ရှိတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ အသက်ရှင်လျက်နဲ့ ငါပြန်လာမှာပါ"လီကွမ်ရီက ပြုံး၍ ခေါင်းညိတ်သည်။

     "ဆရာသခင်၊ အခုပြောနေတာက ခြောက်သွေ့တဲ့ ဂိုလမ်လွင်ပြင်နော်"ကျစ်ယန်မှာ လီကွမ်ရီရဲ့ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ ပုံစံကြောင့် စိုးရိမ်ပူပန်သွားရသည်။ သူမရဲ့စိတ်ထဲမှာလည်း တဖြည်းဖြည်း လေးလံထိုင်းမှိုင်းလာခဲ့ရသည်။

     "ဟုတ်တယ်၊ ခြောက်သွေ့တဲ့ ဂိုလမ်လွင်ပြင်အကြောင်းကို ငါသိပါတယ်၊ ဒါက တားမြစ်သင်္ချိုင်းမြေ ၁၂ခုထဲက တစ်ခုလေ၊ ဒီနေရာက ဆေးကျောက်တုန်းကမ္ဘာကြီးရဲ့အန္တရာယ်အရှိဆုံးနေရာတစ်ခုဆိုတာပါ သိပါတယ်"လီကွမ်ရီက ပြုံး၍ ပြောသည်။

     ခြောက်သွေ့တဲ့ ဂိုလမ်လွင်ပြင်အကြောင်းကို မည်သူက သူ့ထက်ပိုသိနိုင်မည်နည်း။ လက်ရှိမျိုးဆက်ထဲမှာတော့ ဒီအကြောင်းတွေကို သိရှိသူပင် ရှိနိုင်မည် မဟုတ်ပေ။

     ကျစ်ယန်က ခါးသီးစွာ ပြုံးသည်။
     "ဆရာသခင်၊ အဲ့ဒီနေရာက အန္တရာယ်ရှိတယ်လို့ ပြောရုံနဲ့ မလုံလောက်ဘူး၊ ဒဏ္ဍာရီထဲက နတ်ဘုရားသခင်အဆင့်တွေတောင် အဲ့ဒီနေရာမှာ အသက်မရှင်နိုင်ဘူး၊ ပိုဆိုးတာက အင်မော်တယ်ဧကရာဇ်တွေတောင် အဲ့ဒီကို ဝင်ပြီးသွားရင် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေကြတယ်တဲ့၊ အခန့်မသင့်ရင် သူတို့တွေပါ သေဆုံးသွားကြရတယ်"

     ခြောက်သွေ့တဲ့ ဂိုလမ်လွင်ပြင်က ဆေးကျောက်တုန်းကမ္ဘာကြီးတွင် ‌အန္တရာယ်အရှိဆုံးနေရာတစ်ခု ဖြစ်သည်။ ရှေးယခင်အချိန်ကတည်းက သမိုင်းတစ်လျှောက် လေ့လာစူးစမ်းလိုသူတွေအားလုံးက ထိုနေရာကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြဖူးသည်။ သို့သော် ကောလဟာလတွေအရတော့ ထိုသူတွေအားလုံးမှာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခြင်းမရှိဟု ဆိုကြသည်။ မှတ်တမ်းအချက်အလက်တွေအရ ထိုနေရာကို တားမြစ်သင်္ချိုင်း၁၂တွင် အန္တရာယ်အများဆုံးအဖြစ် အမှတ်စဉ် သတ်မှတ်ပါက ထိပ်ဆုံး သုံးနေရာမှာ ရှိသည်ဟု ဆိုကြသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now