စစ္ဧကရာဇ္ ( Chapter:131 )
......................................
( ရတနာကျောက်တိုင်ကျောင်းတော်ရဲ့ လျှိ ု့ဝှက်ချက် ၁ )
.............................................................
" ကောင်စုတ်လေး၊ ဒီနေရာကနေ ထွက်သွားပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင်သာ ကြိုးစားပါ ...."
ဘာဟိုဂျီယာအိုမှာ လီကွမ်ရီရဲ့ စကားကြောင့် ဒေါသတကြီး ပြန်ပြောလိုက်သည်။ဘာဟိုဂျီယာအိုရဲ့ အလှကလည်း လီရှောင်းရန်လို အလယ်ပိုင်းနယ်မြေတစ်ခုလုံးတွင် ကျော်ကြားလှသည်။ ဒါ့အပြင် သူမက ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဂုဏ်သရေမြင့်မားသူလည်း ဖြစ်သည်။ သို့သော် ယခုတော့ လီကွမ်ရီရဲ့ စကားတွေက သူမရဲ့ သိက္ခာတွေကို ကျဆင်းစေသလို ဖြစ်သွား၍ ဘာဟိုဂျီယာအိုက ဒေါသထွက်နေခြင်း ဖြစ်သည်။
" မိန်းကလေးချန်၊ ဒီမှာနေပြီး မီးနဲ့ မကစားချင်စမ်းပါနဲ့၊ ငါက လူကြီးလူးကောင်း တစ်ယောက်ပါ၊ မင်းရဲ့ အလှအပကြောင့် ဖိတ်ခေါ်နေတာမဟုတ်ဘူး၊ မင်းကို ငါ့ရဲ့ ပေါင်ပေါ်မှာလည်း မထိုင်ခိုင်းပါဘူးလေ ........"
လီကွမ်ရီက ဘာဟိုဂျီယာအိုကို ပြုံးပြီး ပြောလိုက်ပြန်သည်။သူ့ရဲ့ စကားတွေက အလွန်ပြင်းထန်လွန်းပြီး ဘာဟိုဂျီယာအိုရဲ့ ဒေါသကို ဆွလိုက်သလို ဖြစ်သွားသည်။ ဘာဟိုဂျီယာအိုရဲ့ မျက်နှာတစ်ခုလုံးမှာ ဒေါသကြောင့် နီရဲနေပြီး တဆတ်ဆတ်တုန်နေတော့သည်။ သို့သော် သူမက လီကွမ်ရီကို ရူးနှမ်းသူတစ်ယောက်ဟုသာ သတ်မှတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ ။
ထိုစဉ် ရှန်းထိန်ရဲ့ မျက်နှာက လွန်စွာ အရုပ်ဆိုးသွားပြီး လီကွမ်ရီကို ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
" ငါ့ရဲ့ ဇနီးကို ငါဘဲ ကာကွယ်မယ်၊ ဘယ်သူမှ ကာကွယ်ပေးဖို့ မလိုအပ်ဘူး "ရတနာချိုင့်ဝှမ်းနိုင်ငံနဲ့ ရတနာကောင်းကင်နိုင်ငံတို့ရဲ့ ကတိကဝတ်အရ ရှန်းထိန်နဲ့ ဘာဟိုဂျီယာအိုတို့က မကြာမီ လက်ထပ်ကြတော့မည်ဟု အားလုံးက သိရှိထားသည်။ ဒါကြောင့်လည်း ရှန်းထိန်က ဘာဟိုဂျီယာအိုကို သူ့ရဲ့ ဇနီးဟု သုံးနှုန်းလိုက်ခြင်း ဖြစ်ဟန်တူသည်။ ကောင်းကင်ဘုံရဲ့ သားတော်ဟု ကျော်ကြားတဲ့ သူ့ရဲ့ ဇနီးလောင်းကို လီကွမ်ရီက လူပုံအလယ်လာပြီး လုယူနေခြင်းမှာ လွန်စွာ အရုပ်ဆိုးလွန်းလှသည်။ ရှန်းထိန်အနေနဲ့ အဘယ်မှာ စိတ်မဆိုးဘဲ နေနိုင်တော့မည်နည်း။
KAMU SEDANG MEMBACA
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
PertualanganReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...