စစ်ဧကရာဇ်(Chapter:756)
(သံမဏိမိစ်ဆာ)
.....................
သံမဏိမိစ္ဆာလေးကောင်ကို တွေ့မြင်ပြီးနောက်မှာတော့ ကျင့်ကြံသူအများအပြားမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။ ကောင်းကင်ဘုံအရှင်သခင်တွေနဲ့ အမှောင်ထုအတွင်း ပုန်းအောင်းကြည့်ရှုနေတဲ့ ဘိုးဘေးအချို့ရဲ့ မျက်နှာအမူအရာတွေပင် စတင် လေးနက်လာခဲ့သည်။လက်ရှိအချိန်တွင် တိုက်ပွဲသတင်းက အယ်လ်ခမီမြို့တော်အတွင်း ပျံ့နှံ့သွားပြီဖြစ်သည်။ ဒါကြောင့် အဖွဲ့အစည်းအသီးသီးမှ လူငယ်တွေအပြင် ဘိုးဘေးအဆင့်တွေပါ ရောက်လာပြီး တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ ဒါ့အပြင် ဖေးယွီရဲ့ ကောင်းကင်ဆန္ဒ ခန္ဓာကိုယ်ကို လီကွမ်ရီမှ အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သည်ဆိုသည့် သတင်းကလည်း အားလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
ထိုအချိန်မှာပင် သံမဏိမိစ္ဆာလေးကောင်က လီကွမ်ရီထံ တစ်လှမ်းချင်း လှမ်းလာခဲ့ကြသည်။ တကယ်တော့ ၎င်းတို့က အမှန်တကယ် မိစ္ဆာတွေ မဟုတ်ကြပေ။ သူတို့က အဆိပ်ပြင်းထန်တဲ့ သားရဲကောင်တွေသာ ဖြစ်ကြသည်။ ဒါ့အပြင် သူတို့ရဲ့ ထူးခြားချက်မှာ အခြားသားရဲကောင်တွေထက် များစွာမြင့်မားတဲ့ ဉာဏ်ရည်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထူးဆန်းသည်မှာ ၎င်းတို့ရဲ့ အသားတွေက သံမဏိလို မာကြောနေခြင်း ဖြစ်သည်။ သာမာန်ရတနာလက်နက်တွေနဲ့ တိုက်ခိုက်မည်ဆိုပါက သူတို့ကို အနိုင်ရဖို့ မဖြစ်နိုင်လှပေ။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ သံမဏိမိစ္ဆာတွေရဲ့ ခန္ဓာကိုယ်အနှံ့ကို ပြင်းထန်တဲ့ အဆိပ်ငွေ့တွေ ဝန်းရံထားကြသည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူတွေပင် ထိုအဆိပ်တွေကို ခုခံနိုင်မည် မဟုတ်ပေ။ ဒါ့အပြင် ၎င်းတို့ရဲ့ လက်တွေက ဓားသွားတွေလို ထက်ရှပြီး ဆေဘာဓားတစ်လက်အလား ထင်မှတ်မှားရသည်။ သေချာသည်ကတော့ ကောင်းကင်ဧကရာဇ်အဆင့်နှင့်အောက် ကျင့်ကြံသူတွေအနေနဲ့ သံမဏိမိစ္ဆာတွေကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်သလောက် ခဲယဉ်းလွန်းလှသည်။ ဧကရာဇ်အဆင့် ရတနာလက်နက်သာ မပိုင်ဆိုင်ထားပါက သံမဏိမိစ္ဆာတွေရဲ့ ကြောက်မက်ဖွယ်အမြန်နှုန်းနဲ့ ထက်ရှတဲ့ ဓားသွားသဏ္ဍာန် လက်တွေအောက် အသက်ပျောက်သွားရပေမည်။
VOCÊ ESTÁ LENDO
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AventuraReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...