646 - 650

195 18 0
                                    

စစ်ဧကရာဇ်(Chapter:646)
(ဝါးဘီလူးနိုင်ငံရဲ့ဆေးဥယျာဉ်)

     ဝါးဘီလူးနိုင်ငံ ကိုယ်စားပြုပြီး ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို အရေအတွက် အကန့်အသတ်နဲ့ ရွေးချယ်မည် ဖြစ်သည်။ ဒါကြောင့်လည်း ကျစ်ယန်က ဟောပြောပွဲ တစ်ခု ပြုလုပ်ပြီး တစ်ချိန်ထဲမှာ လူရွေးပွဲကိုပါ လုပ်ဆောင်ဖို့ စီစဉ်ထားခြင်း ဖြစ်သည်။

     သို့သော် လီကွမ်ရီအတွက်တော့ အဆိုပါ လူရွေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မလိုအပ်ပေ။ လီကွမ်ရီကို ဝါးဘီလူးနိုင်ငံရဲ့ အဓိကကိုယ်စားလှယ်အဖြစ် ကျစ်ယန်က သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုဆုံးဖြတ်ချက်အတွက် အများစုမှာ မပျော်မရွှင် ဖြစ်ကြရသည်။ သို့သော် တော်ဝင်ဘုရင်မရဲ့ ဆုံးဖြတ်ချက် ဖြစ်၍ မည်သူမှ ဘာမှ ပြောဆိုရဲခြင်းတော့ မရှိပေ။

     လက်ရှိအချိန်တွင် ကျစ်ယန်က အလွန်အမင်း ပျော်ရွှင်နေမိသည်။ ဆေးဥယျာဉ်အတွင်းမှာ ရှိနေကြတဲ့ လူငယ်ပါရမီရှင်တွေရဲ့ တက်ကြွမှုကို မြင်ပြီး သူမရဲ့ စိတ်ထဲမှာ ဝါးဘီလူးနိုင်ငံရဲ့ အနာဂတ်အတွက် တွေးပြီး ပီတိဖြစ်နေမိသည်။ သူမတို့အနေနဲ့ အယ်လ်ခမီညီလာခံမှာ အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးခဲ့သည်ထြစ်စေ အရေးမကြီးပေ။ ဘယ်လိုပဲ ဖြစ်ဖြစ် လူငယ် ပါရမီရှင် များစွာကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်၍ ဝါးဘီလူးနိုင်ငံရဲ့ အနာဂတ်က ဒီထက်တိုးတက်လာဖို့သာ ရှိပေတော့သည်။

     တကယ်တော့ ဝါးဘီလူးနိုင်ငံက ဆေးဝါးတာအိုကို ဦးစားပေးလေ့ကျင့်တဲ့ နိုင်ငံတစ်ခုတော့ မဟုတ်ပေ။ အယ်လ်ခမီနိုင်ငံတော်နဲ့ နှိုင်းယှဉ်ပါက ဝါးဘီလူးနိုင်ငံအနေနဲ့ ဆေးပညာတာအိုမှာ များစွာ နိမ့်ကျပေသည်။ သို့သော် ထူးခြားချက်တစ်ခုက ဝါးဘီလူးနိုင်ငံအတွင်း ဆေးဥယျာဉ်များစွာ ရှိနေခြင်း ဖြစ်ပြီး အင်အားကြီးနိုင်ငံ အတော်များများထက်ပင် သာလွန်များပြားပေသည်။ ဒီအရင်းအမြစ်တွေက ဝါးဘီလူးနိုင်ငံကို ချမ်းသာကြွယ်ဝအောင် လုပ်ဆောင်ပေးနေသည်ဟု ဆိုပါက မှားယွင်းမည် မထင်ချေ။

     ယခုတော့ လူငယ် ပါရမီရှင်အများအပြားက တက်တက်ကြွကြွနဲ့ ရှိနေခဲ့ကြသည်။ ဒါက ပါရမီရှင် အရင်းအမြစ် ရှားပါးတဲ့ ဝါးဘီလူးနိုင်ငံရဲ့ အခက်အခဲကို ကျော်လွန်နိုင်မည့် အရိပ်အယောင်ဆိုလည်း မမှားချေ။ နိုင်ငံအတွင်း ပေါများပြီးသား ဖြစ်တဲ့ ဆေးဥယျာဉ်မှထွက်တဲ့ အရင်းအမြစ်တွေနဲ့ ယခု ပါရမီရှင်တွေသာ ပေါင်းစပ်နိုင်ပါက ဝါးဘီလူးနိုင်ငံအတွက် ရွှေရောင်အနာဂတ်တစ်ခု ပေါ်ထွက်လာနိုင်ပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now