621 - 625

209 17 0
                                    

စစ်ဧကရာဇ်(Chapter:621)
(ပါရမီရှင်ကို သိမ်းသွင်းခြင်း)

     "ငါပြောတာ လုံးဝမမှားပါဘူး၊ ဒီမှာ သခင်လေးလီ သန့်စင်ထားတဲ့ ဆေးလုံးကို စစ်ဆေးကြည့်ပါ၊ ဒီဆေးလုံးသန့်စင်တာကို ငါကိုယ်တိုင် မြင်ခဲ့ရတာပါ"
ထင်းရှူးနတ်ဆိုးဘုရင်က ကံစွမ်းအားဆေးလုံးကို ထုတ်ပြပြီး ကျစ်ယန်ကို ပေးလိုက်သည်။

     "ဒီ ... ဒီဟာက မဖြစ်နိုင်ဘူး"
ကျစ်ယန်မှာ ဆေးလုံးကိုကြည့်ရင်း ပလ္လင်ပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားရသည်။ သူမရဲ့မျက်နှာတစ်ပြင်လုံးမှာလည်း တုန်လှုပ်မှုကြောင့် ချွေးစေးတွေ ထွက်ပေါ်လာရတော့သည်။

     "ဒါက သခင်လေးလီကိုယ်တိုင် သန့်စင်ထားတဲ့ ဆေးလုံးပါ"
ထင်းရှူးနတ်ဆိုးဘုရင်က စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပြောသည်။ သူကိုယ်တိုင်လည်း လီကွမ်ရီ ဆေးသန့်စင်တာကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရခြင်း မဟုတ်ပါက ယုံကြည်မိမည် မဟုတ်ပေ။

     "ရွှေရောင်အဆင်းနဲ့ ၉၀ရာခိုင်နှုန်း သန့်စင်တဲ့ ဆေးလုံး"
တော်ဝင်ဘုရင်မ ကျစ်ယန်က တုန်လှုပ်ချောက်ချားစွာ ရေရွတ်သည်။ ဆေးဝါးတွေကို အဆင့်မြင့်၊ အဆင့်နိမ့် ခွဲခြားရာမှာ နှစ်မျိုးရှိသည်။ ပထမတစ်ခုက ဆေးလုံးရဲ့သန့်စင်မှု ပမာဏကို ကြည့်ပြီး ခွဲခြားနိုင်သလို ဆေးလုံးရဲ့အရောင်အဆင်းကို ကြည့်ပြီးလည်း ခွဲခြားနိုင်သည်။ ရွှေရောင်အဆင်းရှိတဲ့ ဆေးလုံးတွေနဲ့ သန့်စင်မှုရာခိုင်နှုန်း မြင့်မားတဲ့ ဆေးလုံးတွေက လွန်စွာမှ အဆင့်အတန်း မြင့်မားသည်ဟု ဆိုနိုင်ပေသည်။

     ထင်းရှူးနတ်ဆိုးဘုရင်က စိတ်လှုပ်ရှားစွာ ဆက်ပြောသည်။
"ဒါက အရမ်းတုန်လှုပ်ဖို့ ကောင်းတယ်၊ ပုံမှန်ဆို ၉၀ရာခိုင်နှုန်း သန့်စင်တဲ့ ဆေးလုံးတွေကို ၉ကြိမ်အသွင်ပြောင်းထားတဲ့ ဆေးမြစ်ဆေးဥတွေ အသုံးပြုမှ ရနိုင်မှာလေ၊ ဒါပေမယ့် သခင်လေးလီက ၆ကြိမ်အသွင်ပြောင်းထားတဲ့ ဆေးမြစ်တွေကိုပဲ အသုံးပြုခဲ့ရတာ၊ ဒါကြောင့် ပါရမီရှင် လေးယောက်က သခင်လေးလီကို မယှဉ်နိုင်ဘူးလို့ ပြောတာက ချဲ့ကားပြောဆိုတာ မဟုတ်ပါဘူး"

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now