961 - 965

178 8 0
                                    

စစ်ဧကရာဇ်(Chapter:961)
(အသေဆိုး)
..................
     လေထုတစ်ခုလုံး အေးစက်နေသည့်အပြင် အားလုံးမှာ တုန်လှုပ်ပြီး တိတ်ဆိတ်နေကြ၏။ စစ်ယွမ်ယွမ်၏ စကားကလည်း အားလုံးကို ဆွံ့အစေခဲ့သည်။ စစ်ယွမ်ယွမ်သည် လီကွမ်ရီ၏အနီး အမြဲတမ်း ရှိနေခဲ့သော်လည်း ကတ္တီပါနိုင်ငံ၏ တပည့်တစ်ဦးဟု လူအများစုက မသိကြပေ။ လခြမ်းမင်းသမီးပင် ယခုမှ သိရခြင်း ဖြစ်သည်။ ထို့ကြောင့် အတော်လေး အံ့အားသင့်နေမိသည်။

     တကယ်တော့ ဖုန်းဆိုးနယ်မြေအတွင်းရှိ ကျင့်ကြံသူအနည်းငယ်ကသာ စစ်ယွမ်ယွမ်အကြောင်းကို သိကြသည်။ သို့သော် မထူးဆန်းလှချေ။ ကတ္တီပါနိုင်ငံ၏ ဘိုးဘေးအများအပြားက စစ်ယွမ်ယွမ်၏ ပါရမီမြင့်မားမှုကို ဖုံးကွယ်ထားခဲ့ကြသည်။ အကယ်၍ စစ်ယွမ်ယွမ်ကိုသာ ကျော်ကြားခွင့်ပြုလိုက်ပါက ချီကျစ်ရှန်း၏ အရှိန်အဝါ မှေးမှိန်သွားနိုင်ပေသည်။ ကတ္တီပါနိုင်ငံ၏ ဘိုးဘေးအများစုက ထိုသို့ဖြစ်လာမည်ကို မလိုလားကြပေ။

     တစ်ဖက်တွင် စစ်ယွမ်ယွမ်ကလည်း ဧကရာဇ်မိသားစုမှ ဘိုးဘေးတွေကို ဆန့်ကျင်လိုခြင်း မရှိပေ။ ထို့ကြောင့်လည်း လူမသိ၊ သူမသိ ဘဝဖြင့်သာ ကျင်လည်ခဲ့ရခြင်း ဖြစ်သည်။

     "ငါ့ကို လျှော့မတွက်သင့်ဘူး မိန်းကလေး ..."လီကွမ်ရီက စစ်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး ...
     "မုန်တိုင်းနတ်ဘုရားရဲ့အဆင့်လောက်နဲ့ ငါ့ကို ဘာမှ မလုပ်နိုင်ဘူး၊ အနောက္မှာသာ ရပ်ပြီး စောင့်နေ ... ငါ့လူတစ်ယောက်ကို ကမ္ဘာကိုးခုမှာရှိတဲ့ ဘယ်သူကမှ ထိလို့ မရဘူး ..."

     စစ်ယွမ်ယွမ်မှာ အနည်းငယ် တွန့်ဆုတ်နေမိသည်။ လီကွမ်ရီ၏ အင်အားကို မသိပေမယ့် မုန်တိုင်းနတ်ဘုရား၏ ကြောက္မက္ဖွယ် အင်အားကိုတော့ ကောင်းကောင်းသိသည်။

     "မစိုးရိမ်ပါနဲ့၊ ပြန်လာခဲ့ပါ ..."ယဲ့ချူးယွင်ကလည်း စစ်ယွမ်ယွမ်ကို ဖျောင်းဖျလိုက်သည်။

     စစ်ယွမ်ယွမ်က အကြီးအကဲကို ခေတ္တကြည့်သည်။ ပြီးနောက် လီကွမ်ရီ၏ အနောက်သို့ ပြန်သွားလိုက်သည်။ သူမသည် ကတ္တီပါနိုင်ငံသို့ ပြန်ပြီး အကျယ်ချုပ်ဘဝဖြင့် မနေလိုပေ။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Dove le storie prendono vita. Scoprilo ora