651 - 655

186 14 0
                                    


စစ်ဧကရာဇ်(Chapter:651)
(အသားစားပန်းပွင့်)

     ချင်ယုက လီကွမ်ရီကို အရှက်ခွဲဖို့ ကြိုးစားနေခြင်း ဖြစ်သည်။ ကျစ်ယန်က သူ့ကို ကိုယ်စားလှယ်နေရာမှ ဖယ်ထုတ်ပြီး လီကွမ်ရီအား နေရာပေးခဲ့ခြင်းကို အခုချိန်ထိ လက်သင့်မခံလိုသေးပေ။ ဒါကြောင့်လည်း အသက်ကြေးလောင်းဖို့ အတင်းအကျပ် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ လီကွမ်ရီဘက်က ယှဉ်ပြိုင်ဖို့ သဘောမတူဘူးဆိုရင်လည်း လီကွမ်ရီကို လူပုံအလယ်မှာ အရှက်ခွဲနိုင်မည် မဟုတ်ပါလား။ လက်ရှိအချိန် သူ့စိတ်ထဲ နှစ်ခုသာ ရှိသည်။ လီကွမ်ရီကို သတ်ဖို့၊ ဒါမှမဟုတ် လူပုံအလယ်မှာ အရှက်ခွဲဖို့ ဖြစ်သည်။

     လီကွမ်ရီမှာ ချင်ယုရဲ့သဘောထားကြောင့် သက်ပြင်းမောကြီး ချလိုက်မိသည်။ သူက သက်ညှာပေးချင်၍ သတိပေးနေတာတောင်မှ  ဤအကောင်က ကိုယ့်သေတွင်းကိုယ် တူးနေခဲ့သည်။
"ကောင်းပြီလေ၊ မင်းက ဒီလောက်ထိ စိတ်အားထက်သန်နေမှတော့ အခုလုပ်ကြတာပေါ့၊ ဖြစ်ပျက်လာတာတွေကတော့ ကံကြမ္မာကြောင့်လို့ပဲ မှတ်ယူလိုက်ပါ"

     ချင်ယုမှာမူ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေပြီး လီကွမ်ရီကို သေလူတစ်ယောက်အဖြစ် ကြည့်လိုက်မိသည်။ သူ့အတွေးထဲမှာတော့ လီကွမ်ရီက မကြာခင် သေရမည်ဟုသာ သတ်မှတ်ထားပြီး ဖြစ်သည်။

     "သိပ်လည်း ပူပန်မနေပါနဲ့၊ မီးအရင်းအမြစ်ကို အသုံးပြုပြီး မီးရှို့လိုက်ရင် ဝေဒနာကို ကြာကြာခံသားရမှာ မဟုတ်ပါဘူး၊ မျက်စိတစ်မှိတ်အတွင်း မင်းရဲ့တစ်ကိုယ်လုံး ပြာကျသွားရမှာပါ"
ချင်ယုက လီကွမ်ရီကို ပြုံး၍ လှောင်ပြောင်လိုက်ပြန်သည်။

     "ကောင်းပြီ၊ အဲ့လောက်ထိ ယုံကြည်နေတယ်ဆိုရင် ဘာလို့ စကားတွေ ပြောနေဦးမှာလဲ၊ အခုချက်ချင်း ပန်းပွင့်နားကို သွားပါ၊ ပြီးရင် ခပ်ကျယ်ကျယ်လေး အော်ကြည့်လိုက်"
လီကွမ်ရီက ချင်ယုကို ပြောလိုက်သည်။

     "ဟား ... ဟား၊ မင်းက သေရမှာကို မစောင့်နိုင်တော့ဘူးထင်တယ်၊ ဒါဆိုလည်း အခုပဲ လုပ်လိုက်ကြတာပေါ့"
ချင်ယုက အေးတိအေးစက် ပြောသည်။ ပြီးနောက် ကြယ်ပန်းပွင့်အနီးနားကို သွားလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ရဲ့ အော်သံက ဆေးဥယျာဉ်တစ်ခုလုံးကိုပင် လွှမ်းခြုံသွားခဲ့သည်။ သို့သော် ကြယ်ပန်းပွင့်ကတော့ ထူးထူးထွေထွေ ပြောင်းခဲခြင်း မရှိပဲ ယခင်အတိုင်း ငြိမ်သက်နေဆဲ ဖြစ်သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Wo Geschichten leben. Entdecke jetzt