911 - 915

192 13 0
                                    

စစ်ဧကရာဇ်(Chapter:911)
(ခြောက်သွေ့သော ဂိုလမ်လွင်ပြင်သို့ ဝင်ခြင်း)
................................................................
     ခြောက်သွေ့သော ဂိုလမ်လွင်ပြင် ... တားမြစ်သင်္ချိုင်း ၁၂ခုအနက်မှ တစ်ခုဖြစ်၏။ သင်္ချိုင်းမြေ ၁၂ခုထဲ အန္တရာယ်အများဆုံး သုံးနေရာထဲ ပါဝင်သည်။ ရှေးယခင်ကတည်းက ဒီနေရာကို ဝင်ရောက်နိုင်သူဟူ၍ သိပ်မရှိချေ။ အင်မော်တယ်ဧကရာဇ်တွေနှင့် နတ်ဘုရားသခင်အဆင့် အနည်းငယ်သာ ရှိ၏။

     လီကွမ်ရီက သစ်သားမြင်းကို စီးပြီး လွင်ပြင်အတွင်း ဝင်လာခဲ့သည်။ အတွင်း၌ ကျောက်ရုပ်တု အများအပြားကို တွေ့လိုက်ရ၏။ ရုပ်တုတွေက ဝင်ပေါက်အနီး ပုံသဏ္ဍာန်အမျိုးမျိုးနှင့် တန်းစီပြီး ရှိနေကြသည်။ အချို့က ကြောက်လန့်ပြီး စိတ်ပျက်အားငယ်နေသည့်အသွင် ရှိနေကြသလို အချို့မှာ လွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်နေသည့် ပုံစံမျိုး ရှိနေကြ၏။ သေချာသည်မှာ ဒီရုပ်တုအားလုံးသည် တကယ့် သက်ရှိတွေအလား အသက်ဝင်လွန်းလှ၏။

     ရုပ်တုတွေအားလုံးက ဥာဏ်အလင်းရသူအဆင့် ကျင့်ကြံသူတွေ ဖြစ်သည်။ ကြည့်ရသည်မှာ သူတို့က လွင်ပြင်အတွင်း မဆင်မခြင် ၀င်ရောက်ခဲ့ပုံရ၏။ ကျင့်ကြံခြင်းအဆင့် မလုံလောက်မှုကြောင့် လွင်ပြင်အတွင်း ရှိနေသည့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းတွေက သူတို့ကို ကျောက်ရုပ်တုတွေအဖြစ် ပြောင်းလဲသွားစေပုံရသည်။

     "ခြောက်သွေ့သော ဂိုလမ်လွင်ပြင်က လူတိုင်း ဝင်လို့ရတဲ့နေရာ မဟုတ်ဘူး"လီကွမ်ရီမှာ ကျောက်ရုပ်တုတွေကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်မိ၏။ ယခုလို မြင်ကွင်းတွေ တွေ့ရသည်မှာ သူ့အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ဒီနေရာကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပြီး တစ်ကြိမ်ရောက်လာတိုင်းမှာ ကျောက်ရုပ်တုတွေက ယခင်ထက် ပိုမိုတိုးပွားလာခဲ့သည်။

     ဒီလူတွေ အားလုံး၏ ကျင့်ကြံခြင်းအဆင့်က လုံလောက်မှု မရှိသေးပေ။ သူတို့ကို အားနည်းသည်ဟု ဆိုလိုခြင်းမဟုတ်၊ ဂိုလမ်လွင်ပြင်အတွင်း ဝင်ရောက်ဖို့ မလုံလောက်သေးဘူးဟုသာ ဆိုလိုခြင်း ဖြစ်၏။ ဒီနေရာတွင် ကြီးမားသည့် အန္တရာယ်တစ်ခု ရှိသည်။ အားနည်းသူတွေ ဝင်လာပါက လွင်ပြင်အတွင်း နေရာအနှံ့မှ သန့်စင်သည့် စွမ်းအားတွေ ‌စုရုံးရောက်ရှိလာပြီး ဝါးမြိုသွားပေလိမ့်မည်။ ထိုအခါ အားလုံးမှာ ကျောက်ရုပ်တုတွေအဖြစ် ပြောင်းလဲသွားရမည် ဖြစ်၏။ နတ်ဘုရားသခင်အဆင့်တွေပင်လျှင် လုံလောက်သည့် အင်အားတစ်ခု မပိုင်ဆိုင်ထားပါက တဒင်္ဂအတွင်း ကျောက်ရုပ်တုတွေအဖြစ် ပြောင်းလဲခံလိုက်‌ရပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now