716 - 720

200 12 0
                                    


စစ်ဧကရာဇ်(Chapter:716)
(လျှပ်စီးပင်လယ်)
...........................
"ဝုန်း......"
ရှေးဟောင်းမှော်သင်္ကေတလေးတွေက အရှိန်ပြင်းစွာ ပေါက်ကွဲပြီး ‌ဧရာမကျောက်တိုင်ကြီးတွေအဖြစ် ပြောင်းလဲသွားကြသည်။ တစ်ချိန်ထဲမှာ လီကွမ်ရီရဲ့ အရှေ့ကို ရွေ့သွားကြပြီး လျှပ်စီးအလင်းတွေ ပေါက်ကွဲမှုမှ ကာကွယ်ပေးကြသည်။ ယင်းတို့ကို ကြည့်ရသည်မှာ လွန်စွာ မာကြောတဲ့ သတ္ထုတွေနဲ့ ဖွဲ့စည်းထားဟန်ရပြီး လွင့်စင်လာတဲ့ အလင်းတန်းတွေကို ပိတ်ဆို့တားဆီးကြသည်။

ထိုစဉ် ကျောက်တိုင်တွေရှေ့၌ လေဟာနယ်ကွက်လပ်တစ်ခု ဖြစ်လာခဲ့သည်။ တစ်ဆက်ထဲမှာ လေဟာနယ်ကွက်လပ်အတွင်းမှာ အားကောင်းတဲ့ 'ဝဲ'တစ်ခု ထွက်ပေါ်လာပြီး လျှပ်စီးပင်လယ်ထဲသို့ ထိုးဆင်းသွားတော့သည်။ ချက်ချင်းပင် အားကောင်းတဲ့ ဆွဲအားတစ်ခု ဖြစ်ပေါ်လာပြီး ဧရာမ'ဝဲ'ကြီးက လျှပ်စီးတွေကို စတင် စုပ်ယူတော့သည်။

ထင်းရှူးဖိုးဖိုးမှာ သူ့အရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူ့အနေနဲ့ လျှပ်စီးပင်လယ်နဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး ဖြစ်၍ လျှပ်စီးတန်းတွေ မည်မျှ အားကောင်းမှန်း ကောင်းကောင်းကြီး သိရှိထားသည်။ ထိုလျှပ်စီးတွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ ဒဏ်ရာအချို့ပင် ရရှိခဲ့ဖူးသည်။ သေချာသည်ကတော့ ယခုလို လျှပ်စီးမျိုးကို လီကွမ်ရီလို ဂျူနီယာတစ်ယောက် မဆိုထားနဲ့ စကြာဝဠာအဆင့် ကျင့်ကြံသူတွေပင် ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် လီကွမ်ရီက သဘာဝတရားကြီးနဲ့ ဆန့်ကျင်စွာပင် လျှပ်စီးတွေကို အကောင်းဆုံး ထိန်းချုပ်ပြနေခဲ့သည်။ ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေနိုင်တော့မည်နည်း....။ ဒီလျှပ်စီးပင်လယ်ကြီးက သာမာန်အရာတစ်ခုမဟုတ်ပေ။ မိုးကောင်းကင်က ‌ပေးထားတဲ့ အပြစ်ဒဏ်တစ်ခု ဖြစ်သည်။ သူ့လို နတ်ဘုရားသခင်တစ်ယောက်ပင် အပြီးတိုင် နှိမ်နင်းနိုင်ခြင်း မရှိလဲ ယာယီသာ ဖိနှိပ်ထားနိုင်ခဲ့သည်။ ထင်းရှူးဖိုးဖိုးမှာ စကားတစ်ခွန်းမှမဆိုနိုင်တော့ပဲ လီကွမ်ရီကိုသာ စိတ်လှုပ်ရှားစွာ ကြည့်နေမိတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Wo Geschichten leben. Entdecke jetzt