806 - 810

183 14 0
                                    

စစ်ဧကရာဇ်(Chapter:806)
(ထျဲလန်)
...............
     ငှက်ဘုရင်ရဲ့နာမည်ကို သုံးပြီး လီကွမ်ရီကို ခြိမ်းခြောက်နိုင်မည်ဟု ချီလင်မြို့ဝန်က မျှော်လင့်ထားပုံရသည်။

     လီကွမ်ရီက ချီလင်မြို့ဝန်ကို မြေပြင်ပေါ် ပစ်ချလိုက်သည်။
     "ထွက်သွားစမ်း၊ မင်းရဲ့အစ်ကိုကို ပြောလိုက်၊ နောက်တစ်ကြိမ် ထျဲကလန်ကို ထိရင် ကောင်းကင်မြစ်ဂိုဏ်းကို ဖျက်ဆီးပစ်မယ်"

     "ကောင်းပြီ၊ ငါ ... ငါပြောလိုက်ပါ့မယ်"ချီလင်မြို့‌ဝန်က တုန်တုန်ရင်ရင်နဲ့ ပြောသည်။ သူက လီကွမ်ရီကို မကျေနပ်ပေမယ့် ဒေါသမထွက်ရဲပေ။ လီကွမ်ရီစိတ်ဆိုးပြီး သူ့ကို သတ်ဖြတ်လာမှာကို ကြောက်လန့်ရသည်မဟုတ်ပါလား။ ချက်ချင်းပင် လီကွမ်ရီရဲ့လက်မှ လွတ်မြောက်သည်နှင့် လျင်မြန်စွာ ထွက်ပြေးသွားတော့သည်။

     "အင်မော်တယ်အရှင်၊ ဒီလုပ်ရပ်က ကောင်းကင်မြစ်ဂိုဏ်းကို ဆန့်ကျင်လိုက်တာနဲ့ အတူတူပဲနော်"ချီလင်မြို့ဝန် ထွက်သွားပြီးနောက်မှာတော့ လိပ်အိုကြီးက တုန်တုန်ရင်ရင်နဲ့ ပြောသည်။ တစ်ချိန်ထဲမှာ သူ့ရဲ့ဦးခေါင်းကို လိပ်ခွံထဲ သွင်းပြီး ပုန်းအောင်းဖို့ ကြိုးစားတော့သည်။

     ဒီလိပ်အိုကြီးမှာ ထျဲရီနဲ့ မတူဘဲ လွန်စွာ ကွာခြားသည်။ ထျဲရီက သူရဲဘောကြောင်သူတစ်ယောက် ဖြစ်ပေမယ့် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ လိုအပ်လျှင် တိုက်ရဲခိုက်ရဲသေးသည်။ သို့သော် ဒီလိပ်အိုကြီးကတော့ မတူပေ။ သူက တကယ်ကို အကြောက်အလန့်ကြီးသူ ဖြစ်သည်။ ‌ဒါကြောင့်လည်း သူက သဲမြစ်ရဲ့အောက်ခြေမှာ အချိန်ပြည့်နေထိုင်ပြီး ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ ယခုတော့ လီကွမ်ရီက ကောင်းကင်မြစ်ဂိုဏ်းကို ရန်စလိုက်သည်။ သူက အဘယ်မှာ မကြောက်လန့်ဘဲ နေနိုင်မည်နည်း။ ကောင်းကင်မြစ်ဂိုဏ်းဆိုတာက ဧကရာဇ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်သည်။ ဖြစ်နိုင်လျှင် သူ့အနေနဲ့ သဲမြစ်ကို ပြန်ပြီး မြစ်ကြမ်းပြင်အောက်မှာသာ ပုန်းအောင်းနေချင်မိတော့သည်။

     "အဲ့ဒီတော့ ဘာဖြစ်လဲ"လီကွမ်ရီက လိပ်အိုကြီးကို ပြုံး၍ ပြောသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now