စစ်ဧကရာဇ်(Chapter:276)
....................................
(ပြိုင်ဘက်ကို ဂရုမစိုက်ခြင်း)
.....................................
စစ်မာလုံယွင်က ထူးထူးခြားခြား ပါရမီမြင့်မားတဲ့ လူတစ်ယောက် မဟုတ်ပေမယ့် သူ့ရဲ့ နောက်ခံအင်အားက ကြီးမားပေသည်။ သူတော်စင်အင်မော်တယ်ဂိုဏ်းက တပည့်တစ်ယောက်ဆိုသည့် အရှိန်အဝါ အားလုံးကို တုန်လှုပ်စေနိုင်စွမ်းရှိသည်။ ဒါကြောင့်လည်း လူငယ်ကျင့်ကြံသူ အများအပြားက စစ်မာလုံယွင် ရောက်လာတာ မြင်သည်နှင့် အပြေးအလွှား နှုတ်ဆက်လိုက်ကြခြင်းဖြစ်သည်။သို့သော် စစ်မာလုံယွင်က သူ့ကို နှုတ်ဆက်နေကြသူတွေကို ပြုံးရုံသာ ပြုံးပြလိုက်ပြီး ချီရှောင်းတျယ်ထံ သွားလိုက်သည်။
" အမချီ ဒီနေ့ အရမ်းလှနေတယ်၊ သာယာလှပတဲ့ နေ့လေးဖြစ်ပါစေ၊ အမချီကို မြင်လိုက်ရတဲ့ ယောကျာ်းလေးတွေတော့ သေချာပေါက် ရူးမတတ် ခံစားရမှာဘဲ "ချီရှောင်းတျယ်မှာ စစ်မာလုံယွင်ကို ကြည့်မရပေမယ့် လက်ရှိအချိန်မှာ သူမက အိမ်ရှင် ဖြစ်နေ၍ ပြုံးပြနှုတ်ဆက်လိုက်ရသည်။ ပြီးနောက် ချီရှောင်းတျယ်က အခြားတပည့်တွေအား ခေါ်ပြီး စစ်မာလုံအား ဂရုစိုက်ရန် မှာကြားပြီး အခြားနေရာကို ထွက်သွားလိုက်သည်။
စစ်မာလုံယွင်က ချီရှောင်းတျယ်ရဲ့ အောင့်သီးအောင့်သက် ဖြစ်သွားရသည်။ သို့သော် သူက ချီရှောင်းတျယ် စီစဉ်ပေးတဲ့ ထိုင်ခုံမှာ ထိုင်လိုက်သည်။ ထိုစဉ် စစ်မာလုံယွင်က ဥယျာဉ်ရဲ့ ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ လီကွမ်ရီကို သတိပြုမိသွားသည်။ လီကွမ်ရီရဲ့ မျက်နှာကို မြင်လိုက်ရတာက စစ်မာလုံယွင်အတွက် အကြီးအကျယ် အနှောက်အယှက် ဖြစ်သွားစေသည်။ သင်္ချိုင်းလေလံပွဲအတွင်းမှာ လီကွမ်ရီကြောင့် သူ့ရဲ့ သန့်စင်ကျောက်တုန်းတွေ အများအပြား ဆုံးရှုံးခဲ့ရပေသည်။ အဘယ်မှာ လီကွမ်ရီကို ကျေနပ်နေနိုင်မည်နည်း။
" ဒီနေ့ မင်းသမီးမယ်ရဲ့ တာအိုဟောပြောပွဲကို လာကြသူတွေ အားလုံးက ပါရမီရှင်တွေကြီးပါဘဲ၊ ဒါပေမယ့် အချို့ကတော့ ကိုယ့်အရည်အချင်းကိုယ် မသိဘဲ ဒီနေရာကို ရောက်နေတယ်၊ ဥပမာ ဘာမှန်းမသိတဲ့ ပစ္စည်းကို သန့်စင်ကျောက်တုန်းအများအပြား အသုံးပြုတဲ့ သူပေါ့ "
စစ်မာလုံယွင်က လီကွမ်ရီကို ကြည့်ပြီး စောင်းမြောင်းပြောဆိုလိုက်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...